နို့ဆီတန်ချိန်၃၀၀ နီးပါးနဲ့ နို့မှုန့် တန်ချိန် ၁၀၀ ကျော်ဝင်

Thu, 05/05/2016 - 09:20 -- admin_ygn

  ဧပြီ ၃ရက်မှ ၉ရက် သီတင်းပတ် အတွင်း နို့ဆီ ၂၄၈ဒသမ ၄၀ တန်ကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ တော့ဒွန်းနို့ဆီတစ်မျိုးတည်းသာဝင် လာခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်မှာတော့ နို့ဆီ ၅၀ဒသမ ၉၉၄ တန်တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။   ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း နို့မှုန့် ၂၅ဒသမ ၇၇၂ တန်ကို တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ နယူးဇီလန်မှ ၁၆ တန်၊ စင်ကာပူမှ ၆ ဒသမ ၉၆၈ တန်၊ ဗီယက်နမ်မှ ၂ဒသမ ၈၀၃ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဧပြီ ၁၇ ရက်မှ ၂၃ရက်သီတင်း ပတ်မှာ မလေးရှားမှ ၄၄ဒသမ ၂၂၇ တန်နဲ့စင်ကာပူမှ ၄၅ ဒသမ ၂၆၄ တန် တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။

Local Trade News

Pages