Anonymous

ဗီယက်နမ်သည် သာမာန်ဆန်အမျိုးအစား (IR50404) စိုက်ပျိုးမှုမှာ ဆောင်းသီးနှံ စိုက်ပျိုးမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိပြီး ဆန်မွှေးဈေးနှုန်း မှာ သာမာန်ဆန်အမျိုးအစားဈေးနှုန်းထက် ၂ ဆ ပိုမြင့်တဲ့အတွက် ဆန် တင်ပို့သူများက ဆန်မွှေးဈေးနှုန်းကို ဦးတည်လာပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်းThe Vietnam Food Association (VFA)အား တောင်သူ များထံမှ ၃ လစာ ဆန်စုဆောင်းဖို့အတွက် အတိုးမဲ့ချေးငွေ ချေးငှားပေးမယ့် အစိုးရရဲ့ အကြံပြုချက်ကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

Anonymous

နိုင်ငံတကာဆန်ဈေးနိမ့်ခြင်းကမ္ဘောဒီးယားဆန်တင်ပို့သူများအတွက် အဟန့်အတားဖြစ်နေ သော်လည်း ဖိလစ်ပိုင်မှ ဆန် ဝယ်ယူဖို့ ပမာဏများများ အော်ဒါမှာယူလာတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်အများဆုံးတင်ပို့သူများမှ တစ်ဦးကို ဆန်တင်ပို့နိုင်ရေး တွန်း အားပေးခဲ့ပါတယ်။ ကုမဏီမှာ Mega Green Imex Cambodia ဖြစ်ပြီး ယခုနှစ်မှာ ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့ရန် အော်ဒါရထားပါတယ်။ အဆိုပါကုမ္မဏီမှာ ယခင်နှစ်က ဥရောပသို့ ၁၃၀၀၀ တန်တင်ပို့ခဲ့ပြီး ယခုဖိလစ်ပိုင်မှရရှိတဲ့ အော်ဒါမှာ ပထမဆုံး ပမာဏများများမှာယူတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆန်ဈေးနှုန်းမှာ ဒေသ တွင်း ဆန်တင်ပို့နိုင်ငံများထက် ဈေးပိုမြင့်တဲ့ကာလအတွင်း အနောက်ဈေးကွက်များကနေ ဝယ် လက်များ ပြောင်းသွားခဲ့ တာဖြစ် ပါတယ်။