နောက်ဆုံးရ သတင်း

ပြည်ပသို့တင်ပို့သော ဧည့်မထဆန်ဖြူထက် တစ်တန်ကို ကန် ဒေါ်လာ ၁၀၀ ခန့် ပိုမိုရရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကြိုက် များပြီး စားသုံးမှု ၇၀ ရာခိုင်နှုန်းရှိသော ပေါင်းဆန်ကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင် ရန်အတွက် ဈေးကွက် ဝယ်လိုအားရှိသောပေါင်းဆန်စက်ရုံများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ဆောက် လျက်ရှိရာ ဘိုကလေးမြို့၊ အောင်ရတနာ သန်းဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက် တစ်လုံး၊ ဒေးဒရဲမြို့ အောင်တံခွန် ဆန်စက်တွင် တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး၊ အိမ်မဲမြို့ သိန်းတစ်ရာ ဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး စမ်းသပ်ကြိတ် ခွဲလျက်ရှိပြီး၊ ပုသိမ်မြို့ ဝဲဒေါင့်ရပ်ကွက်တွင်လည်း ခေတ်မီပေါင်းဆန် စက်တစ်လုံးအား တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မင်းမင်းဦး

၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  မီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ MFTB နှင့် MICB ဘဏ်များတွင် နိုင်ငံခြားငွေစာရင်း  ဖွင့်လှစ် ထားသူ  နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက်  မော်ဒယ်လ်ကားများ  တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။  အဆိုပါ  လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ အကောင်အထည် ဖော်မှုအနေဖြင့် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန မှ မော်တော်ကားများ တင်သွင်းရာတွင် ဆောင်ရွက်ရမည့်လျှောက်လွှာပုံစံနှင့်  လိုအပ်ချက်များ အား ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါထုတ်ပြန် ချက်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည် တော်)နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊  ရန်ကုန်တိုင်းဒေသကြီးရုံးတို့ရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။ မော်တော်ကားတင်သွင်းခွင့် လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ

နိုင်ငံခြားသားများအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) သို့မဟုတ် ယင်းနဲ့ညီမျှငွေထက်မပိုတဲ့ မည်သည့်နိုင်ငံခြားငွေ ကိုမဆို ပြည်တွင်းကိုရောက်ရှိတဲ့အခါ အကောက်ခွန်ဦးစီးဌာနကို ကြေ ညာခြင်းမပြုဘဲ  မြန်မာနိုင်ငံအတွင်းကို ယူဆောင်လာနိုင်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနမှ ၂၀၁၂ ခုနှစ် ဧပြီ ၃ ရက်မှာ ထုတ်ပြန်ကြေညာ ကြောင်းသိရပါတယ်။ ယင်းခွင့်ပြုချက်ကို ယင်းဝန်ကြီးဌာနရဲ့ ၁၉၆၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ အမှတ် အီးစီဒီ-၅၉ မှာ ဖြည့်စွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခင်က နိုင်ငံခြားသားများဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀နဲ့ အထက်ယူဆောင်လာရင် အကောက်ခွန်ဦးစီးဌာနမှာ ကြေညာပြီးမှသာ နိုင်ငံအတွင်း ယူဆောင်ခွင့်ပြုထားကြောင်း သိရပါတယ်။  
MIRT

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဧပြီ ၄ ရက် နေ့လယ်ပိုင်းတွင် RUMFCCI ရှိ MIRA အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်အရန်ဆန် နွေစပါးများ ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစစ်ထောက်ခံသည့်နေရာများ တွင် စာချုပ်ချုပ်ဆို ဝယ်ယူပေးမည့်သူမရှိပါက နိုင်ငံတော်အရန်ဆန်ထားရှိရေး ကော်မတီက တောင်သူလယ်သမားများထံမှ တိုက်ရိုက် ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံ တော် အရန်ဆန်အတွက် စပါးများ ဝယ်ယူလျက်ရှိသော လုပ်ငန်းကော်မတီ များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် ပုသိမ် မြို့ လယ်ယာထွက်ကုန်  TPIS ရုံးခန်း တွင် ကျင်းပပြုလုပ်ရာ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ဦး ဆောင် ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ  ဦးအောင်သန်းဦး၊ လယ် ယာထွက်ကုန် တိုင်းမန်နေဂျာ  ဦးစိုး အောင်၊ ခရိုင်မန်နေဂျာများ၊ ဆန်စပါး အထူးပြုကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ နဲ့ ဒါရိုက်တာများ၊ တိုင်းဆန်စပါးလုပ်ငန်း အသင်းဝင်များ၊ နိုင်ငံတော်အရန် ဆန်ဝယ်ယူရေးလုပ်ငန်း ကော်မတီဝင် များ တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။
ဆွေးနွေးပွဲမှ   စပါးဝယ်ယူရေး လုပ်ငန်းကော်မတီများရဲ့ ဆောင်ရွက်မှု အားသာချက်၊   အားနည်းချက်များ၊  တက်ရောက်လာသူများမှလည်း ညှိနှိုင်း ပေါင်းစပ်လက်တွေ့ အကောင်အထည် ဖော်ရမယ့်ကိစ္စရပ်များ ဆွေးနွေးကြ ပါတယ်။ SGS ဆန်စစ်ဆေးရေး အဖွဲ့ များရဲ့ ဆောင်ရွက်မှုများကို ဗဟိုမှ အကြံပြုချက်များ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်လျက်ရှိသော တောင်သူများ ရဲ့ လက်ရှိအခြေအနေများ ဆွေးနွေးခဲ့ ကြောင်းနဲ့ နိုင်ငံမှ အရန်ဆန်များကို လည်းအရည်အချင်းပြည့်မီအောင် ကြိတ်ခွဲကာ သတ်မှတ်ရက်အတွင်း တင်ပို့နိုင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
မင်းမင်းဦး

Pages

Subscribe to နောက်ဆုံးရ သတင်း