အာဆီယံသပြေစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း၍ ဝင်ငွေကောင်း

Fri, 09/22/2017 - 06:07 -- admin_ygn

ဆားလင်းကြီးမြို့နယ်၊ ရုံးပင်ရိုးထန်းတောကြီးကျေးရွာတွင် အာဆီယံသပြေ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေသော ကြောင့် သပြေပန်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။နှစ်ရှည်ပင်ဆိုတော့ ပထမနှစ်အရင်းကျေပါတယ်။ နောက်နှစ်တွေကျရင် တော့ အပင်ပြုစုခြင်း၊ အပင်အောက်မှ ရွက်ခြောက်ကောက်ခြင်း၊ ရေဖျန်းခြင်း၊ အရွက်တွေ ပိုးလိပ်ချိန်မှာ ဆေးဖျန်းခြင်းစတာတွေတော့ ပြုလုပ်ပေးရပါတယ်။ အပင် တစ်ပင်နဲ့ တစ်ပင် သုံးပေခန့်ထိခြားစိုက်ရပြီး ပျိုးပင်ကတော့ တစ်ပင်လျှင် ကျပ် ၂၀၀မှ ကျပ် ၈၀၀ထိ ရှိပါတယ်။ နေ့စဉ် ကိုက်ရောင်းချရပြီး တစ်စည်းကို ကျပ် ၃၀၀ နဲ့ တစ်ဆင့်ပြန်ရောင်းချသူများမှ လာရောက်ဝယ်ယူပါတယ်။ ဈေး ကောင်းတော့ သပြေပန်းစိုက်တောင်သူတွေအတွက် အဆင်ပြေပြီး နေ့စဉ်ဝင်ငွေ ရတဲ့အတွက် အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။                               

       မိုးမိုးမြင့်

 

Local Trade News

Pages