ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းခွင်ဆိုင်ရာ သီးသန့်အလုပ်အကိုင်ပြပွဲ ပြသမည်

Thu, 03/17/2016 - 06:49 -- admin_ygn

   ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းခွင်ဆိုင်ရာ သီးသန့်အလုပ်အကိုင်ပြပွဲ တစ်ခုကWork.com.mm  အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ ဦးဆောင်၍ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ အလုပ်အကိုင်ရှာဖွေရေး သီးသန့်ပြပွဲကို မတ် ၂၇ရက်တွင် ရန်ကုန် မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ယင်းပြပွဲကို ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းကြီးများအတွက် လိုအပ် လျက်ရှိသည့်အရည်အချင်းမီဝန်ထမ်းများရရှိနိုင်စေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း Work.com.mm ၏သတင်းထုတ်ပြန်ချက်များအရသိရသည်။အဆိုပါပြပွဲကြီးတွင်ပြည်တွင်းပြည်ပအခြေစိုက်ဟိုတယ်နှင့် စားသောက ်ဆိုင်လုပ်ငန်းကြီးများမှဝန်ထမ်းလိုအပ်ချက်များအလိုက်ခေါ်ယူသွားမည်ဖြစ်ရာလက်ရှိတွငMax Hotel Group, Lake Garden နှင့် Hotel Amara  စသည့်ဟိုတယ်လုပ်ငန်းစုများအပါအဝင် အခြားသောဟိုတယ်လုပ်ငန်း ကြီးများကလည်း ဝန်ထမ်း များခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။Work.com.mm  ၏ ဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီးကိုပြီးခဲ့ သည့်ဇန်နဝါရီ ၁၆ရက်နှင့် ၁၇ရက်တို့တွင်ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ ကုမ္ပဏီ ပေါင်း ၃၀ ကျော်ပါဝင်၍ ဝန်ထမ်းများခေါ်ယူခဲ့ကြောင်း သိရသည်။အဆိုပါအလုပ်အကိုင်ပြပွဲသို့ လာရောက်ခဲ့သူပေါင်း ၁၇၀၀၀ ကျော်ရှိခဲ့ပြီး ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။ ယင်းWork.com.mm ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့်ဟိုတယ်လုပ်ငန်းခွင်နှင့်ဆိုင်သောအလုပ်ကို လျှောက်ထားရန်လျှောက်လွှာတင်ထားသူပေါင်း ခုနစ်ထောင်ဝန်းကျင်တွင်ရှိနေပြီး လုပ်ငန်းရှင် များအနေဖြင့်အွန်လိုင်းမှသာမကအော့ဖ်လိုင်းမှပါ ဝန်ထမ်းခေါ် ယူနိုင်ရန် ဟိုတယ်နှင့် အသက်မွေးမှုသင်တန်းကျောင်းများနှင့်ချိတ်ဆက်၍  အဆိုပါပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။  

  မယ်သီတာ

 

Local Trade News

Pages