သြင်္ကန်နားနီးလို့ ပြည်မြေပဲဆန် အဝယ်လိုက်ပြီး ဈေးပြန်မြင့်တက်

Wed, 03/29/2017 - 07:56 -- admin_ygn

   ယခုတစ်ပတ် ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးပြန်တက်လာတာ တွေ့ရပါ တယ်။ ပြည်ဈေးကွက် ကံမမြို့နဲ့ပေါက်ခေါင်းမြို့ဘက်မှ တစ်နေ့လျှင်အိတ် ၅၀၀ ခန့် ဝင်ရောက်လျက်ရှိနေပါတယ်။ ရန်ကုန်ဝယ်လက်များက ဝယ်ယူနေသဖြင့် ဈေးအမြင့်မှာ ရှိနေပါတယ်။ လုံးဆန်(အဖြူ)ကို ရန်ကုန်ဝယ်လက်များက ဝယ်ယူမှု ရှိသလို လုံးဆန်(အနီ)ကို မြေပဲလှော်သမားများက ဝယ်ယူမှုရှိခြင်း၊ ဆီကြိတ်မြေပဲ ဆန်ကို မြို့တွင်းဆီ စက်များက သြင်္ကန်ရက်အတွက် ဆီကြိတ်ရန် ကြိုတင်ဝယ်ယူမှု ရှိနေသဖြင့် ဈေးမြင့်လာတာဖြစ်ပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးများမှာ ဆီကြိတ်မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၆၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၅၅၀ နှင့် လုံးဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၂၄၅၀ ဖြင့် ယခင် တစ်ပတ် ထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။
ဝေေ၀မင်း

Local Trade News

Pages