လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာ၍ ဒေသခံနာနတ်သီးစိုက်တောင်သူများ ဧကအကျယ် အခင်းကြီးများနဲ့ တိုးချဲ့စိုက်ပျိုးလာ

Tue, 03/08/2016 - 09:24 -- admin_ygn

ကသာခရိုင်၊ အင်းတော်မြို့နယ် နာနတ်သီး မှာ အလုံးလှ အရသာကောင်းမွန်ပြီး လူကြိုက်များ ပါတယ်။ ယခင်ကကုန်စည်လမ်းကြောင်း အခက် အခဲကြောင့်အခင်းထွက်သီးနှံများ ဈေးကွက်ထဲ အချိန်မီ မရောက်ဘဲ ပျက်စီး မှု များခဲ့ပါတယ်။ ယခု အခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာတဲ့ အတွက် နာနတ်သီးစိုက်ခင်းများတိုးချဲ့စိုက်ပျိုးလာ တာ တွေ့ရပါတယ်။'' မန္တလေး- မြစ်ကြီးနား မဟာဗျူဟာကား လမ်းမကြီးဘေးမှာ တစ်နံတစ်လျား စိုက်ခင်းတွေပြု လုပ်ပြီး စိုက်ပျိုးကြတာများပါတယ်။ ဒီလမ်းကကုန်ထုတ်လမ်းဆိုလည်းမမှားဘူးပေါ့၊ နာနတ်သီး တွေကို လမ်းဘေးချ ရောင်းတာလည်းရှိပါတယ်။ တစ်ဧကကို အပင် ခြောက်ထောင်စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ် ငါးသိန်းကျော်ရှိပါတယ်။ အသီး တစ်လုံးကို  ၂၅၀ ကျပ် အနည်းဆုံး ရောင်းရပါတယ်။ ဆယ့်ငါးသိန်းအကျိုးအမြတ်ရှိလို့ စိုက်ပျိုးသင့်တဲ့ သီးနှံဖြစ်ပါတယ်။ နာနတ်သီးကို မြစ်ကြီးနား၊မိုးကောင်း၊ မိုးညှင်း၊ ကသာ၊ ထီးချိုင့် မြို့နယ်များ မှာလည်း အများအပြားစိုက်ပျိုးတာ တွေ့ရပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ စိုက်ဧကတစ် ထောင်ကျော် ရှိပြီးပျားရည်နာနတ်မျိုးကိုသာ စိုက်ပျိုးတဲ့အတွက် လူကြိုက် များပါတယ်'' လို့ နာနတ်တောင်သူ ဦးရန်ရှင်း က ပြောပါ တယ်။ အင်းတော်နာနတ်သီးကို ရွှေဘို၊ မန္တလေး၊ မုံရွာ၊ ရန်ကုန် ပွဲရုံကြီးများသ့ို အများဆုံး တင်ပို့ရပြီး ဈေးကွက်ခိုင်မာတဲ့အတွက် နာနတ်တောင်သူများတစ်နံတစ်လျားစိုက်ခင်းကြီးများပြုလုပ်၍ တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရပါတယ်။

        ကြည်နိုင်ဦး - အင်းတော်

 

Local Trade News

Pages