ယခုဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ရွှေတင်သွင်းမှု တန် ၆၅၀ အထိ ရောက်ရှိမည်

Tue, 01/16/2018 - 09:20 -- admin_ygn

    အိန္ဒိယနိုင်ငံ၏ အကောက်ခွန် ပေးဆောင်ရသော   ရွှေတင်သွင်းမှု သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန် ချိန် ၆၅၀ ရှိပြီး ပျမ်းမျှဈေးနှုန်းမှာ တစ်  အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၂၈၀ မှ ၁၃၀၀ နှုန်းအထိ ရှိမည်ဖြစ် ကြောင်း ဟိန္ဒူဘိဇနက်လိုင်းသတင်း တွင် ဖော်ပြသည်။၂၀၁၃-၂၀၁၄   ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေဈေးနှုန်း သည် ကျဆင်းနေသည့်အတွက်  ဤပမာဏ အတိုင်း တင်သွင်းမည်ဆို ပါက  ပြည်ပ ငွေပေး  ငွေယူ ရှင်း တမ်း  လိုငွေပြမှုကို ထိန်းထားနိုင်မည့်    အခြေအနေရှိ ကြောင်း  လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်း ကျင်သူတို့က ပြောသည်။  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရွှေတင်သွင်းမှုမှာ တန် ချိန် ၆၅၀  ရှိမည်ဖြစ်သည့်အတွက် ယမန်နှစ်က  ပမာဏ နီးပါးရှိမည်ဖြစ် ကြောင်းMMTC PAMP  ကုမ္ပဏီ ဥက္ကဋ္ဌ ရာဂျက်ခိုစလာက အိန္ဒိယနိုင်ငံ ၏ ရွှေတင်သွင်းမှု  အလားအလာနှင့် ပတ်သက်၍ ပြောကြားရာတွင် အသိ ပေးပြောကြားသည်။အိန္ဒိယနိုင်ငံ၏ ရွှေတင်သွင်း မှုမှာ တန်ချိန် ၇၀၀ ရှိမည်ဟု စောစော ပိုင်းက ခန့်မှန်းထားသည်။ အကောက် ခွေန်နှုန်း မြင့်မားမှုကြောင့် ရွှေကိုရင်း  နှီးမြှုပ်နှံမှုထက် အခြားပိုင်ဆိုင်မှုများကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာသည့်အတွက်   ရွှေတင်သွင်းမှုကို  အတက် အကျဖြစ်စေ ကြောင်း   ကျွမ်းကျင်သူတို့က  သုံးသပ် သည်။''လူငယ်မျိုးဆက်တွေက ရွှေကို ရင်းနှီးမြှုပ်နှံဖို့ အားထားရတဲ့ ပစ္စည်းလို့ မယူဆကြပါဘူး။ ဒစ်ဂျစ်တယ်ငွေကြေး လို အသစ်ပေါ်ထွန်းလာတဲ့  ပိုင်ဆိုင်မှု အမျိုးအစားေ တွကို သဘောကျစရာ ရင်းနှီးမြှုပ်နှံမှုအဖြစ် အသက် ၃၅ နှစ် အောက်လူငယ်တွေက ပြောင်းလဲယူဆ လာကြပါတယ်''ဟု  အိန္ဒိယ  ရွှေမူဝါဒ စင်တာမှ ဂျိုရှီဂျက်ကော့က ပြောသည်။''၂၀၁၇ ခုနှစ် ဧပြီမှ ဒီဇင်ဘာ အထိ ဘဏ္ဍာနှစ်ရဲ့ ပထမကိုးလမှာ ရွှေ တင်သွင်းမှုက တန်ချိန် ၅၀၀ ဝန်းကျင် မှာ ရှိခဲ့ပါတယ်။ ဘဏ္ဍာနှစ်ကုန်ရင်  တော့ တန်ချိန် ၆၅၀ အထိ ရောက်ရှိ မယ်လို့ ခန့်မှန်းပါတယ်။ အရင်နှစ်က တင်သွင်းခဲ့တဲ့ပမာဏ နီးပါးရှိပါလိမ့် မယ်။   ကမ္ဘာ့ပျမ်းမျှ ရွှေဈေးနှုန်းက  အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကျဆင်းနေ တဲ့အတွက် ရွှေတင်သွင်းမှုကို ထိန်း ထားနိုင်ပါလိမ့်မယ်''ဟု ခိုစလာက ပြောသည်။ယခင်က ကမ္ဘာ့ပျမ်းမျှရွှေဈေး မှာ   တစ်အောင်စကို   အမေရိကန် ဒေါ်လာ ၂၀၀၀ အထိရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ပျမ်းမျှ ကမ္ဘာ့ရွှေ  ဈေးမှာ အမေရိကန်ဒေါ်လာ ၁၂၈၀ မှ ၁၃၀၀ အထိသာရှိ လိမ့်မည်ဟု ခိုစလာ က ပြောသည်။ တင်သွင်းမှုအတွက် ကုန်ကျစရိတ် ကျဆင်းပြီး  သွင်းကုန်မှ ရသော အခွန်ဝင်ငွေဖြင့် မြင့်တက်မည် ဖြစ်သဖြင့်  ထိန်းထားနိုင်မည့်အခြေ အနေရှိကြောင်းနှင့် တင်သွင်းမှုပမာဏ သိသိသာသာ  မကျဆင်းသည့်တိုင် အောင် တင်သွင်းမှုတန်ဖိုး ကျဆင်း နိုင်ခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင် ကြောင်း သူက ပြောသည်။

Local Trade News

Pages