မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ပြည်ပသို့တင်ပို့မည့် ဆန်ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင်

Thu, 07/06/2017 - 03:35 -- admin_ygn

    နိုင်ငံတော် အစိုးရအနေနဲ့ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ဆောင် လျက်ရှိရာမှာ ကုန်သည်လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိစေဖို့အတွက် ဖြေလျော့မှုပေါင်း များစွာ ကိုလည်း ပြုလုပ်ပေးထားပြီးဖြစ်ပါတယ်။
နယ်စပ်ဒေသများမှ ကုန်စည်ကူးသန်း ရောင်းဝယ်ရာမှာလည်း ကုန်သည်လုပ်ငန်းရှင်ငယ် လေးများအဆင်ပြေစေဖို့အတွကf ITC ကတ်နဲ့ ကုန်သွယ်မှုပြုစေနိုင်ဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံ ဟာ ရှည်လျားလှတဲ့ နယ်စပ် ဒေသကို ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် နယ်စပ် ဒေသများနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ တရားဝင် ကုန်စည်ကူးသန်းရောင်းဝယ်မှုသာမက တရားမဝင် ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေပါ ဒွန်တွဲပြီး ပါလာခဲ့ပါတယ်။
တရားမဝင်ကုန်စည်ကူးသန်းရောင်း ဝယ်မှု များကို ယခင်အစိုးရလက်ထက်က မိုဘိုင်းအဖွဲ့ များဖြင့် တားဆီးစစ်ဆေးခဲ့သော်လည်း ယခုအစိုးရ သစ်လက်ထက်မှာတော့ ရေပူစစ်ဆေးရေး စခန်း တစ်ခုသာ ဖွင့်လှစ်ပြီး တရားမဝင် ကုန်ပစ္စည်းများ ကို တားဆီးစစ်ဆေးလျက်ရှိပါတယ်။
ဒါကြောင့် နယ်စပ်စခန်းအသီးသီးမှာရှိတဲ့ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများရဲ့ စခန်း တာဝန်ခံများဟာ တရားမဝင်ကုန်သွယ်မှုပပျောက် ရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုများမရှိစေရေး အတွက် မျက်ခြည်မပြတ် စစ်ဆေး တားဆီးလျက် ရှိပါတယ်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးဇုန် များ အနက် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်တို့ကို ဝင်ရောက် ရာ လမ်းကြောင်းများဟာ ရှောင်ကွင်းလမ်းတွေ အများအပြားရှိတာကြောင့် တရားမဝင် ကုန်သွယ် မှု အများဆုံးရှိတဲ့ဒေသကြီး တစ်ခုလို ဖြစ်နေတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။
ဝိသမသမားကုန်သည်များဟာ မိမိနိုင်ငံ တွင်းက အဖိုးတန်သဘာ၀ သယံဇာတများသာမက ပြည်ပမှ အန္တရာယ်ရှိတဲ့စားသောက်ကုန်တွေ၊ လူ သုံးကုန်ပစ္စည်းတွေကိုလည်း တင်သွင်း^ တင်ပို့ နေကြတာကို ဝမ်းနည်းစွာ တွေ့ရှိနေရပါတယ်။
နယ်မြေဒေသမငြိမ်းချမ်းမှုဟာ တရားမဝင် ကုန်သွယ်မှုကိုအများအပြား ဖြစ်ပေါ်လာအောင် လက်ယပ်ခေါ်နေသလိုဖြစ်တာကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ထားပြီး လုပ်ဆောင်နေတာဟာ တော်တော်ကို ခရီးပေါက်နေပြီဖြစ်ပါတယ်။
တရားမဝင် ကုန်သွယ်မှုကို တားဆီးရာမှာ နယ်စပ်စခန်းအသီးသီးမှ စခန်းတာဝန်ခံများ သာမက ပြည်သူများလည်း ပူးပေါင်းပါဝင်ကြရမှာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှာတော့ အမြဲလိုလို တရား မဝင် ကုန် ပစ္စည်းတွေ ဖမ်းဆီးရမိနေတာကို သိရှိနေရပါတယ်။ တရားမဝင်ကုန်ပစ္စည်းများဟု ဆိုရာမှာလည်း  အထူးအားဖြင့် တမလန်းသစ်နဲ့ ကျောက်စိမ်းများ ကိုသာ တရားမဝင် သယ်ဆောင်နေကြတာ ဖြစ်ပါ တယ်။ ရံဖန်ရံခါမှာတော့ ကျွဲနွားတွေ၊ ရှားပါး တိရစ္ဆာန်တွေကို တရားမဝင် သယ်ဆောင်ရောင်း ဝယ်ကြတာရှိပေမယ့် အများဆုံးကတော့ ကျောက် စိမ်းနဲ့ တမလန်းသစ်များသာဖြစ်ပါတယ်။တရားမဝင်ကုန်ပစ္စည်းတွေကို သယ်ဆောင် ကြရာမှာ ယခင်က ကိုယ်ပိုင်ယာဉ်ငယ်များနဲ့ သယ် ဆောင်ကြပေမယ့် တင်းကျပ်တဲ့ ဖမ်းဆီးစစ်ဆေးမှု တွေကြောင့် ခရီးသည်တင်ယာဉ်တွေကို အသုံးချ ပြီး တရားမဝင်ကုန်ပစ္စည်းတွေကို သယ်ဆောင် လျက်ရှိကြပါတယ်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တရားမဝင်ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ နေတယ်လို့ သတင်း ရရှိတဲ့အတွက် မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန်မှစခန်းတာဝန်ခံ ဦးမြင့်သူရ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ရှောင်တခင် တားဆီး စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ပါတယ်။
အဲဒီလို စစ်ဆေးဆောင်ရွက်ရာမှာ ဇွန်လ ၂၂ ရက်မှာ လားရှိုးမှ မူဆယ်သို့ ခရီးသည်များ တင်ဆောင် မောင်းနှင်လာတဲ့ ရွှေပြည့်စုံခရီးသည် တင် မှန်လုံယာဉ်ကို ဥှ ပူးပေါင်းအဖွဲ့နဲ့ ညွှန်ကြား ရေးမှူး ဦးမြင့်သူရ ဦးစီးသည့်အဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင်  အဲဒီခရီးသည် တင်မှန်လုံယာဉ်ကိုX-ray  စက်နဲ့ ရှာဖွေဖွင့်ဖောက် စစ်ဆေးခဲ့ရာမှာ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက် တုံးအလေးချိန် ၁၄၉၉ ကီလိုဂရမ်ကို သိုဝှက်သယ် ဆောင်လာတာကို  ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့အပြင် X-ray  ဓာတ်ပုံမှတ်တမ်းအရ ယာဉ် နောက်ပိုင်းရှိ ကားနောက်ဖုံးမှာ မသင်္ကာစရာနေရာ ကို တွေ့ရှိခဲ့ရတဲ့အတွက် ထပ်မံဖွင့်ဖောက်စစ်ဆေး ခဲ့ရာမှာ ကျောက်စိမ်းလို့ ယူဆရတဲ့ အလေးချိန် ကီလိုဂရမ် ၈၀၀ ရှိတဲ့ ကျောက်တုံး ၂၄ တုံးကိုပါ ထပ်မံတွေ့ရှိ ခဲ့ရပါတယ်။ အဲဒီဖမ်းဆီးရမိမှုမှာ စုစု ပေါင်းအလေးချိန် ၂၂၉၉ ကီလိုဂရမ်ရှိ ကျောက်စိမ်း လို့ ယူဆရတဲ့ကျောက်တုံးပေါင်း ၇၈ တုံး (တန်ဖိုး အားဖြင့် ကျပ် ၁၁ç၄၉၅ç၀၀၀ခန့်)ကို ဖမ်းဆီးရမိ ခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ကျောက်စိမ်းလို့ ယူဆရ တဲ့ကျောက်တုံးတွေကို ဥှ အကောက်ခွန်ဦးစီးဌာန သို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အပ်နှံခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကို ကြည့်ရင် ယခင်က တရား မဝင် ကုန်သွယ်မှုတွေ ပြုလုပ်ရာမှာ ခရီးသည်တင် ယာဉ်ရဲ့ဝမ်းပိုက်အတွင်းမှာသာ သိုဝှက်ပြီး သယ် ဆောင်ကြပေမယ့် အခုအခါမှာတော့ မျက်စိနဲ့ အပေါ်ယံမမြင်နိုင်တဲ့ နည်းလမ်းတွေနဲ့ သိုဝှက် သယ်ဆောင်လာတာကို တွေ့ရ မှာဖြစ်ပါတယ်။
ဒါ့အပြင် ဇွန်လ ၂၉ ရက်က မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ဝင်းထဲမှာ ဝင်ရောက်စစ်ဆေး ခံတဲ့ ပို့ကုန်ပစ္စည်းအဖြစ် ဆန်များတင်ဆောင်လာ တဲ့ ကုန်တင်ယာဉ်တစ်စီးကို X-rayစက်နဲ့ ဖြတ် သန်းစစ်ဆေးရာမှာ မသင်္ကာစရာပုံရိပ်ကို တွေ့ရှိခဲ့ ရတဲ့အတွက် အကောက်ခွန်ရုံးသို့ မောင်းနှင်စေပြီး အသေးစိတ် ဖွင့်ဖောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ အလေးချိန် ကီလို ဂရမ် ၄၁၀ ရှိ ကျောက်စိမ်း အတုံး^ အခြမ်းများကို ယာဉ်ရဲ့ ခေါင်းခန်းအတွင်းမှလည်းကောင်း၊ အလေး ချိန် ၂၄၅ ကီလိုဂရမ်ရှိသည့် ကျောက်စိမ်းလက် ကောက်ကွင်းများကို ယာဉ်၏အောက်ဖက်ဖရိန် တန်းအတွင်းမှလည်းကောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယခုဖြစ်စဉ်ကိုကြည့်ပါက မသမာသူဝိသမ သမားများဟာ တရားဝင် ပို့ကုန်ပစ္စည်းများအကြား တွင် တရားမဝင်ကုန်ပစ္စည်းများအား သိုဝှက်၍ သယ်ဆောင်နေတာကို တွေ့ရှိခဲ့ရပါ တယ်။
အလားတူ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကလည်း မန္တလေးတိုင်းစစ်ဆေးရေးဂိတ်တစ်ခုမှာ ကဏန်းများ တင်ဆောင်လာတဲ့ကားပေါ်မှာ ကျောက်စိမ်းများ တရားမဝင် တင်ဆောင်လာတာ ကို  ဖမ်းဆီးရမိခဲ့ပါတယ်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ ကုန် သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ပို့ကုန် ကုန်တင်ယာဉ်များအား အကောက်ခွန်ဦးစီးဌာနမှ  Channel  များခွဲ၍ စစ်ဆေး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပို့ကုန် ပစ္စည်းတစ်မယ်ချင်းအလိုက် ကုန်တင်ယာဉ်များ အား ယာဉ် ၁၀ စီးထက်ပိုပါကGreen Channel  ၆၀ ရာခိုင်နှုန်း၊Yellow Channel ၃၀ရာခိုင်နှုန်း၊Red Channel  ၁၀ ရာခိုင်နှုန်းခွဲ၍ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်။
Green Channel ကျသည့် ယာဉ်များအား ယာဉ်ကို မစစ်ဆေးဘဲ စာရွက်စာတမ်းများကိုသာ စစ်ဆေးပြီး စေလွှတ်ပေးလျက်ရှိသလိုYellow Channel ကျသည့်ယာဉ်များအားလည်း X-Ray  စက် ဖြတ်သန်း၍ စစ်ဆေးပေးလျက်ရှိပြီးRed Channe ကျသည့်ယာဉ်များအား အသေးစိတ် ဖွင့် ဖောက်စစ်ဆေးတဲ့စနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။
အဲဒီစနစ်ကို ကျင့်သုံးလျက်ရှိရာမှာ အထက် မှာ ဖော်ပြခဲ့တဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်အရl  Yellow Channel ၃၀ ရာခိုင်နှုန်းဖြစ်သည့် ယာဉ်များမှာလည်း အခုလို ကန့်သတ်ကုန်ပစ္စည်းတွေ သိုဝှက်သယ်ဆောင် တာရှိရင်Green Channel  ၆၀ ရာခိုင်နှုန်း ယာဉ် တွေမှာလည်း တရားမဝင်သယ်ဆောင်လာတဲ့ သစ်၊ အင်ကြင်းကျောက်၊ ကျောက်စိမ်း စတဲ့ ပစ္စည်း တွေ သိုဝှက်သယ်ဆောင်လာနိုင်တယ်ဆိုတာ တွေး ကြည့်ရုံနဲ့ သိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်အနေနဲ့ ဝင်လာသမျှသော ပို့ကုန်ကုန်တင်ယာဉ် များကို ဖွင့်ဖောက်စစ်ဆေးတဲ့စနစ်ကို ကျင့်သုံး ခဲ့မယ်ဆိုပါ က ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး ကို ထိခိုက်လာနိုင်မှာဖြစ်ပါတယ်။ မသမာသူ ဝိသမ သမား ကုန်သည်များကြောင့် မှန်မှန်ကန်ကန် ကုန် သွယ်မှုပြုနေကြတဲ့ ကုန်သည်များမှာ ကုန်စည်စီး ဆင်းမှုနှေးကွေးခြင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန် ယာဉ်စစ်ကွင်းမှာ စစ်ဆေးနေတဲ့X-ray စက် နှစ်လုံးအနက် တစ်လုံးမှာ တရုတ်နိုင်ငံမX-ray စက် ဖြစ်ပြီး တစ်လုံးမှာ ဂျာမနီနိုင်ငံမှ X-rayစက် ဖြစ် ပါတယ်။ တရုတ်နိုင်ငံမှ ဌ-မပေ စက်ဟာ ယာဉ် စစ်ဆေးရာမှာ အားနည်းမှုတွေရှိတဲ့အတွက် ပုံရိပ် များကို ဖမ်းယူရာမှာ မသေချာမှုတွေနဲ့ တွေ့ကြုံ နေကြရတယ်လို့ သိရပါတယ်။
ဒါကြောင့် ယာဉ်စစ်ကွင်းတွေမှာရှိတဲ့ ဌ-မပေ စက်များကို ခေတ်မီပြီး ပုံရိပ်ဖမ်းယူရာမှာ ပိုမိုတိကျ သေချာတဲ့ ဂျာမနီနိုင်ငံထုတ် ဌ-မပေ စက်များကိုသာ တပ်ဆင်ထားရမှာဖြစ်ပါတယ်။''တရုတ်နိုင်ငံက ထုတ်တဲ့ ဌ-မပေ စက်က ပုံရိပ်ကို ဖမ်းယူရာမှာ သိပ်ပြီး မတိကျဘူး။ ဂျာမနီ က ဌ-မပေ စက်ကတော့ ပုံရိပ်ဖမ်းယူရာမှာ တိကျပြီး ပြတ်သားတယ်။ ဒါကြောင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာ တရားမဝင် ကုန်သွယ်မှုတွေ ကို ထိရောက်စွာတားဆီးနိုင်ဖို့အတွက် ဂျာမနီနိုင်ငံ က ထုတ်လုပ်တဲ့X-ray စက်တွေ လဲလှယ်တပ်ဆင် ပေးမယ်ဆိုရင် ယခုထက် လုပ်ငန်းများ ပိုမိုလျင်မြန် စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ် ကြောပိတ်ဆို့မှုလည်း နည်းသွားမှာဖြစ်ပါတယ်}}လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည် အသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
တရားမဝင် ကုန်သွယ်မှုပပျောက်ရေးအတွက် လည်း ကုန်သည်လုပ်ငန်းရှင်များနဲ့ ပြည်သူအားလုံး က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါ ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မင်းမဟာ(မူဆယ်)၊ အေးအေးဝင်း(ကုန်သွယ်ဦးစီး)

 

Local Trade News

Pages