ပြည်ပဲလွန်းဖြူလက်ကျန်ဈေးမြင့်လာသော်လည်း လက်လီ သာအရောင်းအဝယ်ဖြစ

Tue, 05/10/2016 - 07:56 -- admin_ygn

     မေလဆန်းပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဈေးပြန်လျော့ သွားပေမယ့် လက်လီပဲအချို့ကတော့ ဈေးမြင့်တက်လာခဲ့တာကိုတွေ့ရပါ တယ်။ ဧပြီလကုန်ရက်က ပဲဈေးကွက်မှာလက်လီဝယ်လက်ဝယ်ယူမှုလောက် သာ ရှိတော့တဲ့ပဲလွန်းဖြူသီးနှံဟာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာဈေးငြိမ်ခဲ့ရာမှ ယခုမေလဆန်းမှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။သို့သော်လည်းပဲအဝင်မရှိတော့ဘဲလက်ကျန်ပဲသာရှိခဲ့လို့လက်လီသမား အနည်း ငယ်အဝယ် ရှိခဲ့ပါတယ်။ ပဲပေါ် ချိန်၊ ပဲအထွက်လှိုင်ချိန်များတွင်သာ လက်လီသမားအပြင်၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း-ပြည်

Local Trade News

Pages