ပြည်ဆန်/ စပါးဈေးကွက်သို့နယ်မှတင်ပို့ပြီး အရောင်းအဝယ်ပုံမှန်ရှိ

Tue, 03/15/2016 - 09:11 -- admin_ygn

 
ယခုတစ်ပတ် ပြည်မြို့အနီးဆန်စက်နှင့် ဆန်ပွဲရုံများတွင် စပါးဈေး၊ ဆန်ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ကတော့ နယ်ရောဒေသတွင်းပါ ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ ရန်ကုန်သို့ တောင်ပျံမွှေး ဆန်တွေတင်ပို့နေပါ တယ်။ ဧည့်မထဆန် ချောများကို မန္တလေးသို့တင်ပို့ရကြောင်းလည်း သိရပါတယ်။ ရန်ကုန်သို့ တစ်ပတ်ကို အိတ် ၈၀၀ ခန့်တင်ပို့ပြီး (တောင်ပျံမွှေး) ဆန်အိတ်များသာ တင်ပို့ရပါတယ်။ မန္တလေးကိုတော့ ဧည့်မထဆန် (ချော) နှစ်ရက်ခြားအိတ် ၆၀၀ ကျော်တင်ပို့ရပါတယ်။ယခုတစ်ပတ်  စပါးဈေးတွေကတော့ တောင်ပျံမွှေး တင်း ၁၀၀ (၄၆ ပေါင်)ကိုက် ၇၇၂၈၀၀ ကျပ်၊ ဧည့်မထစပါး (နယ်ပို့စ) ၅၈၈၈၀၀ ကျပ်နဲ့ ဒေသတွင်းစားသုံးမှု ဧည့်မထစပါး ၅၆၀၀၀၀ ကျပ်တို့ဖြစ်ပြီး၊ ဆန်အိတ်ပေါက်ဈေးတွေကတော့ တောင်ပျံမွှေး တစ်အိတ်ဈေး ၃၄၀၀၀ ကျပ်အထိဈေးတက်နေတာ တွေ့ရပါတယ်။ ဧည့်မထအုပ်စုဆန်(ချော) တစ်အိတ် ၂၂၅၀၀ ကျပ် (နယ်ပို့စ)၊ အင်းလယ်၊ အင်းမ၊ ဆင်းသွယ်တို့ဖြစ်ပြီး၊ ရတနာတိုး၊ မနောသုခကတော့ ၂၁၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။
နီနီဝင်း-ပြည်

Local Trade News

Pages