နှမ်း တင်ပို့မှု သိသိသာသာလျော့နည်း

Tue, 02/23/2016 - 05:58 -- admin_ygn

ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည  ဒသမ ၀၅၉ သန်းတန်ဖိုးရှိ နှမ်းနက် ၄၉ တန် တစ်မျိုးတည်းသာ တင်ပို့ခဲ့ပါတယ်။  ယခင်ရက်သတ္တပတ်က ချင်းရွှေ ဟော်မှ နှမ်းရောင်စုံ ၁၇၅၉ တန် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်ရဲ့ နှမ်းတင်ပို့မှု သိသိသာသာ လျော့နည်းသွားတာတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်  နှမ်းတင်ပို့မှုမရှိတာ တစ်လကျော်ရှိခဲ့ပေမယ့်  နှမ်းဖြူဈေးမှာ ယခင်တစ်ပတ် က ၁၅၁၄၅၇၁ ကျပ်မှ ၁၅၁၇၄၆၂ ကျပ်သို့လည်း ကောင်း၊ နှမ်းနက်ဈေးမှာ ၁၈၉၅၅၂၄ ကျပ်မှ ၁၈၉၉၁၄၁ ကျပ်သို့လည်းကောင်း ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မော်မော်အောင်

 

Local Trade News

Pages