ဒီဇင်ဘာလအတွင်း ဆန်တန်ချိန်သုံးသောင်းခြောက်ထောင်ကျော်ပိုမိုတင်ပို့

Wed, 01/10/2018 - 09:19 -- admin_ygn

       ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ   သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ   ၂၀ ဒသမ ၈၅၈ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၅၉၆၆၉ တန် တင်ပို့ခဲ့ပါတယ်။
 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ   ငစိန်ဆန် ၂၆၆ တန်ကျော်၊ ဧည့်မထဆန် ၄၄၆၁၄ တန်ကျော်နဲ့ ကောက်ညှင်းဆန် ၁၃၈ တန်တင်ပို့ခဲ့ ပြီး ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၁၄၇ တန်၊ ငစိန် ဆန်၁၀၀၆တန်ခန့်နဲ့ ကောက်ညှင်းဆန်(အနက်) ၅၆ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၁၈၃၅ တန် ကျော်၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၅၃၂ တန်တင်ပို့ခဲ့ပါတယ်။မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  စစ်တွေ ကုန်သွယ်ရေးစခန်းမှ မနော သုခဆန် ၇၅ တန်တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာတစ်လလုံးတွင် အမေရိ ကန်ဒေါ်လာ ၇၅ ဒသမ ၉၂၄ သန်းတန်ဖိုးရှိ ဆန် ၂၁၈၇၆၇ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလတင်ပို့မှုနဲ့ နှိုင်း ယှဉ်ပါက  ၂၅၁၆ တန် ပိုမိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။
ယခုတစ်ပတ်  ကုန်သွယ်ရေးစခန်းများမှ  အမေရိကန် ဒေါ်လာ သုည ဒသမ ၇၆၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၅၃၅ တန် ကျော်ကို တင်ပို့ခဲ့ရာ    မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၂၁၃၄ တန်ကျော်နဲ့   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲ ၄၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။
ဒီဇင်ဘာလတစ်လလုံးတွင် မူဆယ်နဲ့လွယ်ဂျယ် ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ၁၁၃သန်း တန်ဖိုးရှိ  ဆန်ကွဲ ၆၉၆၈ တန်ကျော်တင်ပို့ခဲ့ပြီး  အနီးစပ်ဆုံး နိုဝင်ဘာလနဲ့နှိုင်းယှဉ်ပါက တန်ချိန် ၁၃၀၀ ခန့်  လျော့နည်းခဲ့ ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဒီဇင်ဘာ ၂၄ ရက်မှ ၃၀ရက်အထိ သီတင်းပတ်အတွင်း   အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၂၅သန်းတန်ဖိုးရှိ  ဆန်ဖြူနဲ့ပေါင်းဆန် ၁၄၂၉၂ တန် ကျော်တင်ပို့ခဲ့ပါတယ်။   ယခုတစ်ပတ်တင်ပို့မှုများမှာ   သီရိ လင်္ကာနိုင်ငံသို့ ဧည့်မထဆန် ၅၆၇၅ တန်နဲ့ ငစိန်ဆန် ၈၄၄ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန်၁၂၅၀၊ရုရှား နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၃၀၀၊ ပေါင်းဆန် ၂၇၅ တန်နဲ့ ငစိန်ဆန် ၃၇၅ တန်၊ မလေးရှားနိုင်ငံသို့   ဧည့်မထဆန် ၆၂၅ တန်၊ တောင်အာဖရိကနိုင်ငံသို့ဧည့်မထဆန်၆၀၆တန်၊အိုင်ဗရီ ကိုစ့်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၅၀၊  မက်ဒါဂါစကား နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၅၀၀၊   အီးယူနိုင်ငံများသို့ ပေါင်းဆန်  ၃၇၅တန်နဲ့ ဧည့်မထ ဆန် ၂၂၁၆တန် တင်ပို့ခဲ့ပါ တယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာတစ်လလုံး မှာ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၉၉ သန်းတန်ဖိုးရှိ   ဆန် တန်ချိန် ၇၃၄၅၀ တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံးနိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ယခုလမှာ ၃၄၁၆၃ တန်  ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ယခုတစ်ပတ် အမေ ရိကန်ဒေါ်လာ ၇ ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၆၀၉၂ တန်တင်ပို့ခဲ့ရာ ဗီယက်နမ်နိုင်ငံသို့ဆန်ကွဲ ၁၂၅ တန်၊ သိရီ လင်္ကာနိုင်ငံသို့တန်ချိန် ၂၅၀၊ ဆီနီဂေါနိုင်ငံသို့ ၁၉၄၆၃ တန်နဲ့ အီးယူနိုင်ငံများသို့ ၆၂၅၄ တန်တင်ပို့ခဲ့ပါတယ်။  ဒီဇင်ဘာလ အတွင်းမှာ အမေရိကန်ဒေါ်လာ  ၁၀ ဒသမ ၉၇ သန်းတန်ဖိုးရှိ ဆန်ကွဲ ၄၀၆၅၅ တန်တင်ပို့ခဲ့ပြီး   နိုဝင်ဘာလတင်ပို့မှုထက် ၂၅၂၆၅ တန်ပိုမိုကြောင်း သိရှိရပါတယ်။
ဒီဇင်ဘာလအတွင်းမှာ    ကုန်သွယ်ရေးစခန်းများနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ   ဆန် ၃၆၆၇၉ တန်ပိုမို တင်ပို့ခဲ့ပါတယ်။                                               ယဉ်ယဉ်အေး

Local Trade News

Pages