ဈေးကွက်သစ်အဖြစ် ဆီနီဂေါနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀၀ တင်ပို့

Tue, 07/04/2017 - 07:04 -- admin_ygn

                ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ   အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၂ သန်းတန်ဖိုးရှိ   ဆန်နဲ့ ကောက်ညှင်းဆန် ၁၂၆၅၄ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၁၃၃ တန်ကျော်၊ ဧည့်မထဆန် ၅၄၆၇ တန်နဲ့ ကောက်ညှင်း ဆန် ၁၀၅ တန်ခန့် ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၅၄၉ တန်ခန့်နဲ့ ဧည့်မထဆန် ၁၀၅ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ေ ရးစခန်းမှ ငစိန်ဆန် ၄၀၃၅ တန်၊ မောင်တော ကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်နဲ့ ကောက်ညှင်း ဆန် ၂၂၄၇၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၉၈၂၂တန် လျော့နည်းခဲ့ပါတယ်။
ယခုတစ်ပတ်မှာ ဆန်သာမက   ဆန်ကွဲတင်ပို့မှုလည်း လျော့ကျခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ  သုညဒသမ ၃၅၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၅၈၂ တန်ကျော်ကို တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၉၅၈ တန်နဲ့ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ၆၂၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ် က ၄၄၉၈ တန်  တင်ပို့ခဲ့ရာ ယခုတစ်ပတ်မှာ ၂၉၁၆ တန် လျော့နည်းခဲ့ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၈၅ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့  ပေါင်းဆန် ၆၉၀၁ တန်ကျော် တင်ပို့ခဲ့ရာ ရုရှားနိုင်ငံသို့ ဧည့်မထဆန် ၆၇၅ တန်၊ သီရိလင်္ကာ နိုင်ငံသို့ ဧည်မထဆန်တန် ၆၁၀၊ စင်္ကာပူနိုင်ငံသို့ ဧည့်မထ ဆန် ၁၂၅ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် ၃၇၅ တန်၊အာဖဂန်နစ္စတန်နိုင်ငံသို့ ဧည့်မထဆန်၁၂၇၅တန်၊ မက်ဒါ ဂါစကားနိုင်ငံသို့ ဧည့်မထဆန်  တန်ချိန် ၂၅၀၀ ၊ အီးယူနိုင်ငံ များသို့ ဧည့်မထဆန် ၉၄၅ တန်ကျော်၊ မနောသုခ ဆန် ၉၆ တန်နဲ့ ပေါင်းဆန်တန်ချိန် ၃၀၀ တင်ပို့ခဲ့တာ   ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၅၃၂၀ တင်ပို့ခဲ့တဲ့အတွက်  ယခု တစ်ပတ်မှာ ဆန်တင်ပို့မှု ၈၄၁၉ တန်လျော့နည်းခဲ့ပါတယ်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေ ရိကန်ဒေါ်လာ  ၂ ဒသမ ၄၆၅ သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၁၀၀၀၀ ကို တင်ပို့ခဲ့ရာ မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၁၅၀၊ အင်ဒိုရာနိုင်ငံသို့ တန်ချိန် ၄၅၀၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၃၈၀၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅၀၊ အီးယူနိုင်ငံများသို့ တန်ချိန် ၅၀၅၀ နဲ့ ဈေးကွက်သစ်အဖြစ်   ဆီနီဂေါ နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀၀တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က   ဆန်ကွဲ ၁၃၉၄၄ တန်  တင်ပို့ခဲ့တဲ့အတွက်   ယခုတစ်ပတ်မှာ၃၉၄၄တန် လျော့ကျခဲ့ပါတယ်။  ဆန်ကွဲတင်ပို့မှု  လျော့ကျသော်လည်း  အာဖရိကနိုင်ငံဖြစ်တဲ့ ဆီနီဂေါနိုင်ငံသို့ ဈေးကွက်သစ်အဖြစ် တင်ပို့နိုင်ခဲ့ပါတယ်။                                        
   ယဉ်ယဉ်အေး

 

Local Trade News

Pages