ဇွန်လကုန်ပတ် ပြည်ပဝယ်လက်ပဲများ ဈေးငြိမ်နေပြီး ပဲတီစိမ်းသီးနှံ မျိုးပဲအဝယ်ရှိလို့ ဈေးကောင်းရ

Tue, 07/04/2017 - 07:07 -- admin_ygn

       ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဇွန်လ ကုန်ပတ်အတွင်း ပြည်တွင်း၊ ပြည်ပအရောင်းအဝယ်ဖြစ်လျက် ရှိတဲ့ ပဲများအားလုံး ဈေးမြင့်တက်လာခြင်းမျိုးမရှိဘဲ   ပဲတော် တော်များများ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါ တယ်။  မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိပေမယ့်အရောင်း နည်းတာကြောင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ  ပဲဈေးနှုန်းအေးနေတဲ့အတွက် လက်ဝယ်ရှိသူ တောင်သူများကလည်း ရောင်းချမှုမရှိတာကြောင့် ပဲဝင် ရောက်မှု သိပ်မရှိဘဲ လက်ကျန်ပဲများသာ   ဝယ်လိုအားရှိသ လောက် ရောင်းချနေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၂၀၀ ကျော် ၃၀၀ရောင်း ချခဲ့ရပြီး ပဲဈေးမှာတစ်တင်းကျပ် ၂၈၀၀၀ ဖြင့် ယခုလအတွင်း  အကျဈေးအတိုင်း ဈေးငြိမ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။
ပဲတီစိမ်းသီးနှံမှာ မျိုးပဲအဝယ်ရှိမှုအပေါ်  အိတ်အနည်း ငယ် ရောင်းချရခဲ့ပြီး တစ်တင်းကျပ် ၃၅၀၀၀မှ ကျပ် ၄၀၀၀၀ အကြား အရည်အသွေးကိုလိုက်၍ ဈေးရခဲ့ကြောင်း သိရပါ တယ်။ ပဲတီစိမ်းသီးနှံ၏မျိုးပဲဈေးမှာ  ယခုအချိန်တွင် မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးကောင်းရလျက်ရှိလို့ ပဲသစ်ပေါ် လာချိန်တွင် ဈေးဆက်ကောင်းလာမလား  မျှော်လင့်ကာ ပဲစိုက်တောင်သူများ စိုက်ပျိုးနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ပဲစင်းငုံသီးနှံမှာ   လက်ကျန်ရောင်းဝယ်မှုအနေဖြင့် အိတ် ၁၀၀-၂၀၀ ကျော်  ရန်ကုန်ဝယ်လက် ရက်ခြားဝယ်ယူမှု အပေါ် ရောင်းချခဲ့ရပြီး ပဲဈေးနှုန်းကတော့   တစ်တင်းကျပ် ၁၉၃၀၀ ဖြင့် ကျပ်နှစ်သောင်းအောက် လျော့နည်းနေ ခဲ့ လို့ ယခင်နှစ်ထက် တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်လျော့နည်း သွားခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း   ပြည်ပဝယ် လက်ပဲများ ဈေးအေးတဲ့နှစ်ဖြစ်တာကိုလည်း တွေ့ရပါတယ်။ပြည်တွင်းဝယ် လက်ပဲများကတော့    ယခုနှစ်တွင် ကုလားပဲနှင့် ပဲကြီးသီးနှံများဈေးကောင်းရခဲ့ပါတယ်။ ကုလားပဲ သီးနှံမှာ ပဲအဝင်ပါးသော်လည်း လက်ကျန်ပဲများလည်းရှိတဲ့ အတွက် ခွဲစက်သမားများ နေ့တိုင်းဝယ်လိုအားရှိမှုအပေါ် အိတ် ၂၀၀-၃၀၀ ကျော်ရောင်း ချခဲ့ကြရသလို ပဲဈေးမှာ တစ် တင်းကျပ် ၃၉၀၀၀ ဖြင့် ဈေးငြိမ်နေပေမယ့် မတ်ပဲ၊ ပဲစင်းငုံ သီးနှံများထက် ဈေးကောင်းရလျက်ရှိတာကြောင့် ယခုနှစ် ပဲစိုက်တောင်သူရော လှောင်လက်သမားပါ   အကျိုးအမြတ် ပိုခဲ့တာကိုတွေ့ရပါတယ်။
လက်လီပဲ ဈေးကွက်အတွင်းမှာတော့  မတ်ပဲ၊ စားတော် ပဲ၊ ပဲပုပ်သီးနှံများမှာ  ဈေးငြိမ်နေတယ်ဆိုသော်လည်း ယခုနှစ် ပဲဈေးနှုန်း ဖြစ်ပေါ်မှုအခြေအနေအရ ဈေးကောင်းရနေတာ ကို တွေ့ရပါတယ်။  ထောပတ်ပဲသီးနှံမှာတစ်တင်း ကျပ် ၃၂၀၀၀ ၊ စားတော်ပဲသီးနှံမှာ တစ်တင်းကျပ် ၄၃၀၀၀၊ ပဲပုပ် သီးနှံမှာ တစ်တင်းကျပ် ၂၆၅၀၀ ဖြင့် နေ့စဉ်လက်လီဝယ်ယူ သူများနှင့် အိတ်အနည်းငယ်ရောင်းချခဲ့ကြရကြောင်း သိရ ပါတယ်။ ယခင်နှစ်က  ယင်းပဲများမှာ စားတော် ပဲသီးနှံကလွဲ ပြီး ထောက်ပတ်ပဲနဲ့ ပဲပုပ်သီးနှံမှာ ယခုနှစ်ဈေးထက်  လျော့ နည်းခဲ့လို့ ထောပတ်ပဲသီးနှံမှာ တစ်တင်းကျပ် ၁၅၀၀၀၊ ပဲပုပ် သီးနှံမှာ တစ်တင်းကျပ် ၂၁၀၀၀ခန့်စီသာ ရောင်းဝယ်ခဲ့ကြရ ပါတယ်။ စားတော်ပဲသီးနှံမှာ  တစ်တင်းကျပ် ၃၇၅၀၀ ခန့်ရရှိ ခဲ့လို့ ယခင်နှစ်ထက် ကျပ်ငါးထောင်ခန့်  လျော့နည်းခဲ့တာကို လည်း တွေ့ရပါတယ်။   ဒါကြောင့် ယခုနှစ် ပဲဈေးနှုန်းများအရ ပြည်ပဝယ်လက်ပဲများထက်  ပြည်တွင်းဝယ်လက် ပဲအချို့က ဈေးပိုရခဲ့ကြောင်းသိရပါတယ်။             
   ခင်ဆွေဝင်း

Local Trade News

Pages