ကယားပြည်နယ်အတွင်းသို့ အခြားမြို့များမှ ဆန်များ ပုံမှန်တင်သွင်းနေ

Fri, 03/24/2017 - 08:07 -- admin_ygn

ကယားပြည်နယ်ဒေသတွင်းမှထွက်ရှိသော ဆန် စပါးသည် ကယားပြည်နယ်ရှိ   လူဦးရေအတွက် မလုံ လောက်သောကြောင့် အခြားမြို့နယ်များမှ ဆန်များ တင် သွင်းနေရကြောင်းနှင့် ကယားပြည်နယ်မှထွက်ရှိသော ဆန် ကိုလည်း မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း သိရှိရပါ တယ်။ ကယားပြည်နယ်သို့  ဆန်တင်သွင်းရာတွင်လည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ ရွှေဘိုမြို့တို့မှ အများဆုံး တင်သွင်း ကြပြီး ယခင် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့မှ ဆန် အိတ် ၈၃၆၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၂၇၁၀ နှင့်ရွှေဘိုမြို့မှ ဆန်အိတ် ၆၂၀ စုစုပေါင်းအိတ်ပေါင်း ၁၁၆၉၀ အိတ်၊ တန် ချိန်အားဖြင့် ၅၈၇ တန်ရှိရာ တစ်ရက်လျှင် ၂၁ တန်နှုန်းခန့် တင်သွင်းလာသည်ကို  ဆန်စီးဝင်မှုစာရင်းအရ သိရှိရ ပါတယ်။    ယခုမတ်လ  ပထမပတ်အတွင်းတွင်လည်း ရန်ကုန် မြို့မှ  ဆန်အိတ် ၁၆၆၀၊ ရွှေဘို မြို့နယ်မှဆန်အိတ် ၇၀၀ စုစုပေါင်းအိတ် ၂၃၆၀၊ တန်ချိန်အားဖြင့် ၁၁၉ တန်ခန့် တင်သွင်းလာပြီး တစ်ရက်လျှင် ၁၇ တန်ခန့် တင် သွင်းလာကြောင်း သိရှိရပါတယ်။

ယခုတစ်ပတ်အတွင်း ကယားပြည်နယ်တွင် ပေါ် ဆန်း ဆန်တစ်အိတ်လျှင်ကျပ် ၄၆၀၀၀၊ တစ်ပြည်လျှင်ကျပ် ၂၀၀၀၊ ပေါ်ကျွဲဆန်တစ်အိတ်လျှင်  ကျပ် ၂၆၀၀၀၊ တစ် ပြည်လျှင် ကျပ် ၁၀၀၀၊ ဧည့်မထ(ဒေသ)ဆန်တစ်အိတ်လျှင် ကျပ် ၂၈၀၀၀၊ တစ်ပြည်လျှင်ကျပ် ၁၂၀၀၊ ငစိန်ဆန် တစ် အိတ်လျှင်ကျပ် ၁၈၀၀၀၊ တစ်ပြည်လျှင် ကျပ် ၇၅၀ ပေါက် ဈေးဖြင့် ဈေးငြိမ်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကယားပြည်နယ်အတွင်း ယခင်တစ်ပတ်က စပါးတင်း ၁၀၀ ကို ကျပ် ၇၀၀၀၀၀ ဈေးပေါက်ပြီး ယခုတစ်ပတ်တွင် ကျပ် ၇၀၂၀၀၀ဈေးပေါက်ကြောင်း သိရှိရပါတယ်။

                                                               ထွန်းနိုင်လင်း(လွိုင်ကော်)

Local Trade News

Pages