ကန့်သတ်ချက်များ ဖြေလျော့ခြင်းမရှိဘဲ ဘဏ်နှင့် အစုရှယ်ယာရှင်များအတွက် အကျိုးမရှိပါကYSX မှ ပထမပုဂ္ဂလိကဘဏ် နုတ်ထွက်မည်

Fri, 09/08/2017 - 08:53 -- admin_ygn

      ကန့်သတ်ချက်များ ဖြေလျော့ခြင်းမရှိဘဲ ဘဏ်နှင့် အစု ရှယ်ယာရှင်များအတွက် အကျိုးမရှိပါက ပထမပုဂ္ဂလိကဘဏ် အနေဖြင့့်ှဌ မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း သိရသည်။ပထမပုဂ္ဂလိကဘဏ် အနေဖြင့်YSX သို့ စတင်ဝင် ရောက်ပြီးချိန်တွင် ရှယ်ယာဈေးတည်ငြိမ်ရန်အတွက် ပြန်  လည်ဝယ်ယူလိုသော်လည်းshare buy backု ပြုလုပ်၍ မရ ကြောင်း၊ ထို့အပြင် စတော့အိတ်ချိန်းမှ ဝယ်ယူထားသည့် ရှယ်ယာကို စပယ်ရှယ်အကောင့် ရှယ်ယာ ထံသို့ လွှဲပြောင်းရန် အတွက်YSX ၏ကန့်သတ်ချက်များအရ ပြုလုပ်၍မရကြောင်း သိရသည်။''YSX ကိုဝင်ရတာက ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခု က အစုရှယ်ယာရှင်တွေ ငွေလိုတဲ့အခါ ငွေဖော်နိုင်အောင် နဲ့ နောက်တစ်ခုက ရန်ကုန်စတော့အိတ်ချိန်းတိုးတက်ဖွံ့ဖြိုး လာအောင် ရည်ရွယ်ပြီးဝင်ခဲ့တာ။ အဲဒီ့အတွက် ကောင်းကျိုး အနေနဲ့ YSX က သတ်မှတ်တဲ့စံနှုန်းပြည့်မှဝင်ရတာ ဖြစ်တဲ့ အတွက် စံမီတဲ့ဘဏ်တော့ဖြစ်သွားတယ်။ ဒါပေမယ့် ရှယ် ယာဈေးကို မထိန်းချုပ်နိုင်ဘူးဖြစ်သွားတယ်။ အဲဒီလိုရှယ်ယာ ဈေးကွက်ကို မထိန်းချုပ်နိုင်မှာစိုးလို့ ဘဏ်အနေနဲ့ ရှယ်ယာ ပြန်ဝယ်တာ၊YSX မှာဝင်ထားတဲ့ ရှယ်ယာကို စတော့အိတ်  ချိန်းမဝင်တဲ့ စပယ်ရှယ်အကောင့်ရှယ်ယာသမားဆီ ပြန်လွှဲ တာတွေ လုပ်လို့မရဘူးဖြစ်နေတယ်။အဲဒါကလည်း့ှဌ ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကြောင့်ပါ။ တကယ်လို့ အဲဒီ စည်းကမ်းသတ်မှတ်ချက်တွေကို ဖြေလျော့မပေးဘဲ ဘဏ် အတွက်ရော အစုရှယ်ယာရှင်တွေအတွက်ပါ ဆက်ပြီး နစ် နာမှုတွေရှိနေမယ်ဆိုရင်တောYSX ကDelist လုပ်သွား မှာပါ။ အခုချက်ချင်းကြီးDelist လုပ်မယ်ဆိုတဲ့ သဘော မဟုတ်ပါဘူး။ သူတို့ဘက်က တင်းကျပ်ထားတာတချို့ ဖြေ လျော့ပေးတယ်ဆိုရင် ဆက်ရှိနေဦးမှာပါ''ဟု ပထမပုဂ္ဂလိက ဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောသည်။
ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာအမြတ်ဝေစုမှာ ပြီးခဲ့ သည့်နှစ်ကထက် လျော့နည်းသွားပြီး ယခုနှစ်အတွက် ရှယ် ယာအမြတ်ဝေစုခွဲဝေရာတွင် ယခင်နှစ်ထက် လျော့နည်းမှု မရှိစေရန် သီးသန့်ဖယ်ထားသည့်ရံပုံငွေမှ စိုက်ထုတ်ရကြောင်း သိရသည်။
လက်ရှိတွင်YSX သို့ဝင်သည့် ရှယ်ယာရှင်မှာ ၂၁ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ယင်းအတွက်ကြောင့် နှစ်ဦးနှစ်ဖက် (ဘဏ်နှင့်ရှယ် ယာရှင်များအတွက်) အကျိုး မရှိပါကYSX  မှ Delist  လုပ်ခွင့်နှင့် ဥပဒေတစ်ရပ်ဖြစ်ပေါ် လာပါက ဘဏ်မှတရားဝငShare Buy Back ပြုလုပ်ခွင့် တို့ ရရှိစေရန် အစုရှယ်ယာရှင်များထံမှ ကြိုတင်သဘော တူညီ ချက်တောင်းခံခဲ့ကြောင်း သိရသည်။         
ချောစု

 

Local Trade News

Pages