You are here ပြည်နယ်ဖွံ့ ဖြိုးရေးအတွက် ထိုင်းအစိုးရက အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်းမည်

Tue, 01/03/2017 - 06:50 -- admin_ygn

ထိုင်းအစိုးရသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဘတ် ၁၀၀ ဘီလီယံ တန်ဖိုးရှိ အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်း၍ အရေးကြီးသော ပြည် နယ် ၁၈ ခု၏ ဖွံ့ဖြိုးရေးအတွက် သုံးစွဲ မည်ဖြစ်ရာ တိုင်းပြည်စီးပွားရေး တိုး တက်မှုကို အထောက်အကူပြုမည် ဖြစ် ပါသည်။ထိုင်းနိုင်ငံတွင် အစိုးရေ<ကးမြီ သည် ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဘတ် ၅ ဒသမ ၉၉ ထရီလီယံ (ွီဏ  ၏ ၄၂ ဒသမ ၇ ရာခိုင်နှုန်း) ရှိသဖြင့် ယခင် ဘဏ္ဍာနှစ်ထက် ဘတ်ဘီလီယံ ၂၀၀ မြင့် တက်ခဲ့ပါသည်။ ထို့နောက် အစိုးရ ကြွေးမြီသည် ၂၀၁၇ ဘဏ္ဍာနှစ်တွင် ွီဏ ၏ ၄၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု မျှော်မှန်းထားပါသည်။ယခင်နှစ်များက အရေးကြီး ပြည်နယ်များ၏ ဖွံ့ဖြိုးရေးအတွက် တစ် ပြည်နယ်လျှင် ရန်ပုံငွေဘတ်သန်း ၅၀၀ ခန့်ကိုသာ သုံးစွဲခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် တစ်ပြည်နယ်လျှင် ဘတ် ၆ ဘီလီယံခန့်အထိ သိသိ သာသာ တိုးမြှင့် သုံးစွဲမည်ဖြစ်ပါသည်။ ယင်းဖွံ့ဖြိုးရေး ရန်ပုံငွေများကို ပြည် နယ်များ ကိုယ်တိုင် စီမံခန့်ခွဲ၍ သုံးစွဲ ရမည်ဖြစ်သည်။ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ်ရာတွင် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်း များအားလုံး ပါဝင်သည့် အစည်းအဝေးများ ကျင်းပ ၍ ဆောင် ရွက် ရမည်ဖြစ်ပါသည်။ ပြည် နယ်အလိုက် ဖွံ့ဖြိုးရေးစီမံချက်များကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တင်ပြ ရန်နှင့် ဖေဖော်ဝါရီလတွင် ရန်ပုံငွေများ ကို လွှဲပြောင်းပေးမည် ဖြစ်သည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages