BMW China က မော်တော်ယာဉ်စီးရေ ၇၂၈၄၇ စီးကို ပြန်လည်သိမ်းဆည်းနေ

Wed, 12/29/2021 - 05:09 -- admin_ygn

MW Group, Brilliance China Automotive Holdings Ltd.,နှင့်BMW (China) Automotive Trading Ltd.,တို့  ဖက်စပ်တည်ထောင်ထားသည့် BMW Brilliance Automotive Ltd., ယာဉ်ပိုင်ရှင်၏ လက်စွဲ (manual)  တွင် မှားယွင်းစွာ ဖော်ပြမှုကြောင့်   ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သဖြင့် ယာဉ် အစီးရေ ၇၂၈၄၇ စီးကို ပြန်လည် သိမ်းဆည်း လျက်ရှိကြောင်း သိရသည်။ပြန်လည်သိမ်းဆည်းသည့်ယာဉ်များတွင်  ၂၀၁၀ ခုနှစ် မတ်  ၁၈ ရက် နှင့် ၂၀၁၂ ခုနှစ်  ဖေဖော်ဝါရီ ၂၄ ရက်ကြားတွင် ထုတ်လုပ်ခဲ့သည့် BMW Brilliance (318i)? (320i)ESihf(325i) မော်ဒယ်လ်များ၊  ပြည်ပမှ တင်သွင်း ထားသည့် BMW (116i), (118i), (120i), (318i), (320i), (325i)  ESihf (330i) မော်ဒယ်လ်များပါဝင်ကြောင်း ဈေးကွက်စည်းမျဉ်းများကို ဆောင်ရွက်နေ သည့် နိုင်ငံတော်စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
    ပြန်လည်သိမ်းဆည်းသည့်ယာဉ်များ၏ လက်စွဲ (manual)တွင် ရေမျက် နှာပြင်ကို  ဖြတ်သန်းမောင်းနှင်နိုင်သည့် အများဆုံးရေအနက် (maximum fording depth)ကို ၃၀ စင်တီမီတာဟု   မှားယွင်းစွာ   ဖော်ပြထားသည်။ အကယ်၍ မော်တော်ယာဉ်ကို ရေအနက် ၂၅ စင်တီမီတာပေါ်မှ အရှိန် တစ် နာရီလျှင် ငါးကီလိုမီတာကျော်ဖြင့် ဖြတ်သန်းမောင်းနှင်မိပါက waterlogged torque sensor aMumihf power-assisted steering function  ပျောက်ဆုံးကာ ယာဉ်မတော်တဆ ဖြစ်ပွားနိုင်ခြေများကြောင်း သိရသည်။
    ပြန်လည်သိမ်းဆည်းနေသည့်ယာဉ်များ၏  EPS ကို  စစ်ဆေးရန်နှင့် waterlogging  ဖြစ်ခြင်းကြောင့် ပျက်စီးသွားသည့် ယာဉ်တစ်စီးတလေရှိပါက အခမဲ့လဲလှယ်ပေးသွားမည်ဖြစ်ကာ အသုံးပြုသူ လက်ကိုင(user manual)ရှိ fording depth ဖော်ပြချက်ကို ပြင်ဆင်သွားမည်ဟု ယာဉ်ထုတ်လုပ်သူများက ကတိပြုထားကြောင်း သိရသည်။

ရွှေစင်ကို (စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ နန်နင်းမြို့

International Trade News

Pages