Belt & Road Initiative အစီအစဉ်အရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပင်လယ်ရေကြောင်းလမ်းသုံးခုဆောင်ရွက်ရန် တရုတ်အဆိုပြု

Tue, 07/04/2017 - 03:56 -- admin_ygn

        Belt & Road Initiative  အစီအစဉ်အရ ပူးပေါင်းဆောင်ရွက်မှုဖြင့် အာရှ၊ အာဖရိက၊             သမုဒ္ဒရာကျွန်းနိုင်ငံများနှင့် ဥရောပကို ရေကြောင်း စီးပွားရေးလမ်းကြောင်းသုံးခုဖြင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန် အတွက်Vision for Maritime Cooperation under the Belt & Road Initiative  စာအုပ်ကို National Development and Reform Commission  နှင့် the State Oceanic Administration  က ဇွန်လ ၂၀ ရက်က ထုတ်ပြန် ထားပါသည်။
       အဆိုပါအဆိုပြုချက်သည် Belt & Road Initiative  စတင်သည့် သုံးနှစ်တာအတွင်း တရုတ် နိုင်ငံက ပထမအကြိမ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထို လမ်းကြောင်းသုံးခုမှာChina-Indian Ocean-Africa –Mediterranean Sea Blue Economic Passage ? China –Oceania-South Pacific Blue Economic Passage နှင့်Europe via the Arctic Ocean တို့ဖြစ်ကြောင်းသိရပါသည်။  China-Indian Ocean-Africa –Mediterr anean Sea Blue Economic Passage သည် တရုတ်ပင်လယ် ကမ်း ရိုးတန်း စီးပွားရေးလမ်းကြောင်းကို အခြေခံပြီး တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ်စီးပွားရေး စြင်္ကံ၊ တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာ လမ်း ကြောင်းနှ င့် တရုတ်-ပါကစ္စတန်စီးပွားရေးစြင်္ကံ၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္ကံတို့ကို ဆက်သွယ်ချိတ်ဆက်မည်ဖြစ်သည်။
    China –Oceania-South Pacific Blue Economic Passage မှာ တောင်တရုတ်ပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်မည့်လမ်းဖြစ်သည်။Europe via the Arctic Ocean  လမ်းကြောင်း နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်မှုမရှိသေး ကြောင်းသိရပါသည်။ တရုတ်အစိုးရက ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးနှင့်ပတ်သက်၍ ပင်လယ်ရေကြောင်းဆက်သွယ်မှု၊ဘေးကင်းလုံ  ခြုံရေး၊ သမုဒ္ဒရာဂေဟစနစ် ကာကွယ်ထိန်း သိမ်း ရေးနှင့် သုတေသနဆိုင်ရာ လုပ်ငန်းများကို အတူ လက်တွဲဆောင်ရွက်ရန် ဥြဥျွ နိုင်ငံများအား တောင်းဆိုထားပါသည်။ အဆိုပါပန်းတိုင် အောင်မြင်ရန် အာဆီယံနိုင်ငံများနှင့်Marine Environmental Protection Cooperation Mechanism ကိုတည်ထောင်ရန် မျှော်မှန်းထား ကြောင်းလည်းသိရှိရပါသည်။ ထို့အပြင်ကျွန်း နိုင်ငံများ၏ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် ပတ်သက်၍ အကူအညီပေးသွားမည်ဖြစ်ပြီး သုတေသနေ ဆာင်ရွက်မှု စွမ်းရည်မြှင့်တင်ရန် လည်းပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
         သန္တာခိုင်၊ စီးပွားရေးသံမှူး
        မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages