ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံအကြားလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများအတွက် လုပ်ငန်းစဉ်များစတင်ရန်သဘောတူညီ

Mon, 11/09/2015 - 12:30 -- admin_ygn

အောက်တိုဘာလ ၂၉  ရက်နေ့ တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ ၌ ဥရောပကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ဂျင်း ကလော့ဒ်ယန်သည်  ဥရောပကောင်စီ ဥက္ကဋ္ဌ    မစ္စတာ ဒေါ်နယ်လ် ထရာ့စ် ၊ နယူးဇီလန်နိုင်ငံ    ဝန်ကြီးချုပ်မစ္စတာ ဂျွန် ကီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံအကြားနိုင်ငံရေး၊ လုံခြုံ ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများအား မြှင့်တင်ရန်နှင့်  ဥရောပသမဂ္ဂနှင့် နယူး ဇီလန်နိုင်ငံတို့အကြား     လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ် ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများအတွက် လုပ်ငန်း စဉ်များ  စတင်ရန်တို့အား သဘောတူ ခဲ့ကြပါသည်။ထို့အပြင်နှစ်ဦးနှစ်ဖက် လွတ်လပ် သော ကုန်သွယ်မှုသဘောတူ စာချုပ်ဆိုင် ရာ စေ့စပ် ညှိနှိုင်းမှုလုပ်ငန်း စဉ်များ စတင် နိုင်ရေးအတွက် ဆွေးနွေးရန် ဥရောပ သမဂ္ဂကုန်သွယ်ရေး ကော်မရှင်နာ Ms. Cecilia Malmstrom  နှင့် နယူးဇီလန် ကုန်သွယ်ရေးဝန်ကြီး မစ္စတာ တင်(မ်) ဂရိုဆာတို့သည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ် ဆဲလ်မြို့၌ တွေ့ဆုံခဲ့ကြပါသည်။၂၀၁၄ ခုနှစ်တွင် ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံအကြား ကုန် စည်ကုန် သွယ်မှုတန်ဖိုးစုစုပေါင်းသည် ယူရို ၇ ဒသမ ၉ ဘီလီယံခန့်     ရှိခဲ့ပါသည်။ နယူးဇီလန်နိုင်ငံသည် ဥရောပသမဂ္ဂ၏ ၅၁ နိုင်ငံမြောက် အရေးအပါဆုံး/အကြီး ဆုံးကုန်သွယ် ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂသည် သြစတြေးလျနိုင်ငံ နှင့် တရုတ်နိုင်ငံပြီးနောက် နယူးဇီလန် နိုင်ငံ၏ တတိယမြောက် အကြီးဆုံး ကုန် သွယ်ဖက်နိုင်ငံ ဖြစ်ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

International Trade News

Pages