အိန္ဒိယနိုင်ငံအစိုးရက ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကို ဟန့်တားရန် ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ခြင်း

Tue, 08/29/2023 - 03:02 -- wtodep

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအရ အိန္ဒိယနိုင်ငံအစိုးရသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကိုဟန့်တားရန်နှင့်ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအား တိုးတက်စေရန်အတွက် ကြက်သွန်နီတင်ပို့မှုအပေါ် အကောက်ခွန် ၄၀ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ စည်းကြပ်ကောက်ခံသွားမည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ တစ်နိုင်ငံလုံး၏ကြက်သွန်နီ ပျမ်းမျှလက်လီဈေးနှုန်းသည် တစ်ကီလိုလျှင် ၃၀.၇၂ရူပီးရှိပြီး၊ အမြင့်ဆုံးဈေးနှုန်းအနေဖြင့် တစ်ကီ လိုလျှင် ၆၃ ရူပီးနှင့် အနိမ့်ဆုံးဈေးနှုန်းအနေဖြင့် တစ်ကီလိုလျှင် ၁၀ ရူပီးရှိကြောင်း သိရှိရပါသည်။ သို့သော် ပုဂ္ဂလိကအေဂျင်စီတစ်ခုဖြစ်သော Crisil၏ အစီရင်ခံစာအရ ဩဂုတ်လကုန်ပိုင်းတွင် ကြက်သွန်နီတစ်ကီလိုလျှင် လက်လီဈေးနှုန်းသည် ၆၀/၇၀ ရူပီး ဖြစ်လာနိုင်ကြောင်း ဖော်ပြထား ပါသည်။

ဩဂုတ်လအတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး၊ စက်တင်ဘာလတွင် ဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်းကို ကုန်သွယ်မှုပညာရှင်များက ပြောဆိုနေကြကြောင်း၊ ယခင်မှတ်တမ်းများအရ ဗဟိုအစိုးရမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အရန် ကြက်သွန်နီတန်ချိန် ၂.၅ သိန်း ကိုဝယ်ယူခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ကြက်သွန်နီအလုံအလောက်ရှိသော်လည်း ယခုနှစ် နွေရာသီအပူလွန်ကဲမှုကြောင့် အရည်အသွေး မကောင်းသောကြက်သွန်နီ ပမာဏများပြားလာခြင်းကြောင့် အရည် အသွေးကောင်း ကြက်သွန်နီများကို ဈေးတက်စေခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ၆ နှစ်တာကာလအတွင်း ကြက်သွန်နီတင်ပို့မှုပမာဏမှာ ၆၄ ရာခိုင်နှုန်းထိ ခုန်တက်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ကာလအတွင်း တန်ချိန်ပေါင်း ၂၅.၂၅ သိန်းထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ နှစ်စဉ်လက်လီကုန်ဈေးနှုန်းတက်မှုကြောင့် ဇွန်လတွင် ၄.၈၇ ရာခိုင်နှုန်းရှိရာမှ ဇူလိုင်လတွင်၇.၄၄ ရာခိုင်နှုန်းထိရှိပြီး ၁၅ လအတွင်း သိသိသာသာမြင့်တက်ခဲ့ကြောင်း၊ အဆိုပါအချက်သည် အိန္ဒိယဗဟိုဘဏ်မှ ၅ လအတွင်း ငွေဖောင်းပွမှုနှုန်း သတ်မှတ်ချက်လှိုင်း ၂ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းထက်ပင်ကျော်လွန်ခဲ့ကြောင်း၊ ဩဂုတ်လအတွက် အော်ဂဲနစ်သစ်သီးနှင့်ဟင်းသီး ဟင်းရွက်ဆိုင်ရာ ဈေးနှုန်းအချက်အလက်များအရ ကောက်ပဲသီးနှံနှင့်ပဲမျိုးစုံ၊ အာလူးနှင့်ကြက်သွန်နီ ဈေးနှုန်းများမှာလည်း ဆက်တိုက် မြင့်တက်လာကြောင်းကို RBI(Reserve Bank of India)က ထုတ်ပြန်ခဲ့သည့်သတင်းလွှာက ဖော်ပြထားကြောင်း သိရှိရပါသည်။

 Source:https://economictimes.indiatimes.com/news/economy/foreign-trade/govt-imposes-40-pc-export-duty-on-onion-exports-till-december-31/printarticle/102860369.cms

International Trade News

Pages