အိန္ဒိယက ပဲတန် ၁၀သန်း တင်သွင်းဖို့ လိုအပ်မည်

Wed, 11/11/2015 - 11:10 -- admin_ygn

ပြည်တွင်းထုတ်လုပ်မှုနဲ့ စားသုံး မှု ကွာဟချက်ဖြစ်နေတာကို ပေါင်းကူး ပေးမယ်ဆိုရင် အိန္ဒိယနိုင်ငံက ပဲတန် ၁၀ သန်းတင်သွင်းရမှာဖြစ်တဲ့အတွက် ဒီ တာဝန်ကအစိုးရ အတွက်ကြီးမား တဲ့ တာဝန်တစ်ရပ်ဖြစ်ကြောင်းအိန္ဒိယ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း Assocham  ရဲ့လေ့လာ ချက် စစ်တမ်းကိုကိုးကားပြီး သည် ဟိန္ဒူသတင်းမှာ ဖော်ပြပါ တယ်။ ''၂၀၁၅ -၁၆ ခုနှစ်မှာ မိုးနည်းလိမ့်မယ်လို့ ခန့်မှန်းထားကြောင့် ဒီနှစ်အတွက် ပဲထုတ်လုပ်မှုကတန် ၁၇ သန်းထိ  ကျဆင်းနိုင်တဲ့ အတွက်၂၀၁၄-၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ ပမာဏနဲ့  နှိုင်းယှဉ် ရင် အနည်းငယ်ကျဆင်းတာကိုတွေ့ရပါတယ်။ တိုးလာမယ့် ဝယ်လိုအားကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင်ပဲစုစုပေါင်း   တန် ၁၀ ဒသမ ၁ သန်းလောက်  ပြည်ပကနေတင်သွင်းရမယ့် အခြေအနေရှိပါတယ်'' လို့သတင်းမှာ ဖော်ပြပါတယ်။ဒါပေမယ့် ကမ္ဘာ့ရောင်းလို အားကျ ဆင်းနေချိန်ဖြစ်တဲ့အတွက်ယခုနှစ်အတွင်း ရောင်းလိုအားနဲ့ဝယ်လိုအားကွာဟချက်ကို  ဖြည့်ဆည်း ရ မှာ အခက်အခဲတွေ့နိုင်ပါတယ်။''ဒီနှစ်ကြုံတွေ့နေရ တဲ့  အခက် အခဲတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ရုန်းကန်လှုပ်ရှားနေတဲ့ အချိန်မှာ အခြေခံအစားအစာတွေရဲ့ ဈေးနှုန်း တွေ က မိုး ထိအောင်ထောင်တက်နေတဲ့အတွက်ဆိုးရွားတဲ့ ဂေဟစနစ်နဲ့ ဆိုးရွားတဲ့လမ်းကြောင်းတွေဖြစ်ပေါ်စေနိုင်ပါ တယ်။ဒီလိုဖြစ်လာရင်အစားအစာဈေးနှုန်းတွေမြင့် တက်ပြီး ငွေေ ကြး ဖောင်းပွ မှု နှုန်းလည်းမြင့်တက်စေနိုင် ပါတယ်လို့ Assocham  အထွေထွေ အတွင်းရေးမှူး မစ္စတာဒီအက်စ်ရာ ဝတ်က ပြောပါတယ်။အိန္ဒိယနိုင်ငံအတွင်းရှိ မိုးပဲစိုက် ပျိုးထုတ်လုပ်တဲ့ေ ဒသများ အနက်မဟာရသျှတ္တရက အကြီးဆုံးဒေသဖြစ်ပြီး ကာနာတာကာ၊ ရာဂျက်စသန်၊  မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ဥတ္တရာပရာဒေ့ရှ်  ဒေသတို့ ကလည်းထင်ရှားတဲ့   ဒေသေ တွဖြစ် ပါ တယ်။ဒီပြည်နယ် ငါးခုရဲ့ ပဲစိုက်ပျိုး ထုတ်လုပ်မှုက တစ်နိုင်ငံလုံးစုစု ပေါင်း စိုက်ပျိုးထုတ်လုပ်မှုရဲ့   ၇၀ ရာခိုင်နှုန်း ရှိပါတယ်။    ဒီပြည်နယ်ငါးခုမှာလည်း ရာသီဥတုနဲ့ ဆက်နွယ်ပြီး ဖြစ်ပေါ်နေ တဲ့ပြဿနာတွေရှိေ န တာကြောင့် ထုတ်လုပ်မှုကိုထိခိုက်လျက်ရှိပါတယ်။ပြည်တွင်း ပဲ လိုအပ်ချက်ကိုဖြည့် ဆည်းရေးက ကြီးမားတဲ့ ပြဿနာ တစ် ရပ်ဖြစ်ပြီး ပြည်ပမှ တင်သွင်းရေးကိစ္စ ကလည်း စိန်ခေါ်မှုတစ်ခု လိုဖြစ်နေပါ တယ်။ ထွက်ရှိသမျှလေးနဲ့ လောက် လောက်ငှငှဖြစ်အောင် ဖြန့်ဖြူးရေးက မူဝါဒရေးဆွဲသူတွေအတွက် ခေါင်းခဲ စရာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဈေး နှုန်းထိန်းချုပ်ရေးလုပ်ငန်း ကို ဆောင် ရွက်ရာမှာဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအတွက်အခက်အခဲရှိစေ နိုင်ပါတယ်။                                                 

 UNT

International Trade News

Pages