အလီဘာဘာအုပ်စုမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေး နိုင်ရန်အတွက် ဟောင်ကောင်တွင်ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဟု ကတိပြုပြောကြား

Tue, 01/23/2018 - 04:27 -- admin_ygn

    လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများကို ဖန်တီးပေးနိုင်ရန် ဟောင်ကောင်တွင်   ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တရုတ်ပြည်မကြီး၏အကြီးဆုံး  e-commerce  လုပ်ငန်းဖြစ်သည့်  အလီဘာဘာအုပ်စု ဥက္ကဋ္ဌ ဂျက်မာကကျဲ့ကျန်းစွန့်ဦးတီထွင်သူများအသင်း (ဟောင်ကောင်)၏  ဖွင့်ပွဲအခမ်းအနားတွင် ကတိပြု ပြောကြားခဲ့သည်။အလီဘာဘာအုပ်စုသည် ၁၉၉၉ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ဟန်ကျိုးနှင့်ကျဲ့ ကျန်းပြည်နယ် များတွင် ရုံးချုပ်ထားရှိ၍ ဈေးကွက် ထပ်မံချဲ့ထွင်ခဲ့သည့်ကုမ္ပဏီဖြစ်သည်။အလီဘာဘာမှဟောင်ကောင်၏ငွေကြေး ဈေးကွက်အားမြှင့်တင်သွားမည်ဖြစ်ပြီး နယူး ယောက်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးငွေကြေး စင်တာဖြစ် လာစေရန်   ကူညီသွားမည်ဖြစ် ကြောင်း၊ ဟောင်ကောင်လူငယ်များအား  ၎င်းတို့ ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် တရုတ်ပြည်မကြီးဈေးကွက် အား အဓိကအရေးပါသောဈေးကွက်အဖြစ် မှတ်ယူစေလိုကြောင်း၊ အလီဘာဘာမှ နှစ်စဉ် ဟောင်ကောင်လူငယ် ၁၀၀ ဦးအား  ပညာသင်ဆု ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကျဲ့ကျန်းပြည်နယ်ရှိ   လုပ်ငန်းများကို ဟောင်ကောင်ဒေသအတွင်း ရင်းနှီးမြှုပ်နံှရန် ရွေးချယ်ခဲ့ပြီး   လုပ်ငန်းပေါင်း ၁၇၀၀ ကျော် အနက်    လက်ကားလုပ်ငန်း၊ အထည်အလိပ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ဟောင်ကောင်လုပ်ငန်းရှင်များမှလည်း ကျဲ့ကျန်းပြည်နယ်အတွင်း လုပ်ငန်းစီမံကိန်း ပေါင်း ၂၄၅၀၀ ကျော် ၌ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရှိရပါသည်။    

   ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့

 

International Trade News

Pages