ဟောင်ကောင်တွင် Asian Financial Forum ကျင်းပ

Thu, 01/25/2018 - 07:15 -- admin_ygn

    ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် ဟောင်ကောင် ကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(HKTDC)  တို့မှကြီးမှူး၍ (၁၁)ကြိမ်မြောက်Asian Financial Forum (AFF)  ကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်ထိ ဟောင်ကောင် မြို့Hong Kong Convention and Exhibition Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ Asian Financial Forum   မှာ အာရှနှင့် ကျန်ကမ္ဘာ့နိုင်ငံများ၏ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ဈေး ကွက်အလားအလာများနှင့် ဖွံ့ဖြိုး တိုးတက်မှုများအား ဆွေးနွေးခြင်း၊ အတွေ့အကြုံဗဟုသုတများနှင့် နောက်ဆုံး တွေ့ရှိချက်များအား ဖလှယ်ခြင်း၊ အတွေးအခေါ်၊ အမြင်များမျှဝေခြင်းတို့ အတွက် အရေးပါသည့် ပလက်ဖောင်း တစ်ခုဖြစ်ကြောင်းသိရသည်။ ယခုနှစ် အဆိုပါဖိုရမ် ၏ဆောင်ပုဒ်မှာSteering Growth and Pioneering Innovation: Asia and Beyond ိ ဖြစ်ပြီး၊ အဆိုပါဖိုရမ်မှ ဆန်းသစ်တီထွင်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ များ (Fintech)  မှ အသိÓဏ်ပစ္စည်းဆိုင်ရာ ဉာဏ်ရည်တု (Artificial Intelligence)  ထိ အခွင့်အလမ်းများနှင့် နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုများအား လေ့လာစူစမ်း နိုင်မည်ဖြစ်သည်။ ၎င်းင်းအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဆိုင်ရာ တစ်ဦးချင်း တွေ့ဆုံနိုင်မည့် one to one meeting  ပေါင်း ၆၂၀ ကျော်စီစဉ်ထားရှိကြောင်း သိရသည်။အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်း ဆိုင်ရာ အစိုးရခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လူဦးရေ ၂၉၀၀ ကျော်တက်ရောက်ခဲ့ပြီး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။     

  ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့

 

International Trade News

Pages