လာမည့်အောက်တိုဘာလတွင်ကျင်းပမည့် WTO အစည်းအဝေးတွင် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် Trade Agreement on Services နှင့်ပတ်သက်၍ အိန္ဒိယက တွန်းအားပေး ဆွေးနွေးဖွယ်ရှိ

Mon, 09/11/2017 - 08:47 -- admin_ygn

     ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ(WTO)  ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ အစည်းအဝေးမတိုင်မီ ကျင်းပသည့်ညှိနှိုင်း အစည်း အဝေးကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေး၌ အိန္ဒိယသည် ၎င်း ၏ Trade Facilitation Agreement on Services (TFS)  အဆိုပြု လွှာအား  ဆွေးနွေးရန် တွန်းအားပေးဖွယ်ရှိကြောင်း သိရှိရပါသည်။နှစ်နှစ်တစ်ကြိမ်  ကျင်းပလေ့ရှိသည့်WTO  ၏ ဝန်ကြီးအဆင့်အစည်း အဝေးကို ယခုနှစ် ဒီဇင်ဘာလ၌ အာဂျင်တီးနားတွင် ကျင်းပမည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့်  ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် အဆို ပါအစည်းအဝေး အစီအစဉ်အပေါ် ဆွေးနွေး ညှိနှိုင်းမှုများမှာ တင်းမာလျက်ရှိကြောင်း၊ အမေရိကန် နှင့်ဥရောပသမဂ္ဂတို့ ဦးဆောင်သည့် ချမ်းသာသည့်နိုင်ငံ ကြီးများက ကမ္ဘာလုံးဆိုင်ရာe-commerce  စည်းမျဉ်း စည်း ကမ်းများ  သတ်မှတ်နိုင်ရေးတို့ကို  ဆွေးနွေးရန် ထောက်ခံထားပြီး ၎င်းင်းတို့ နှင့်အပြိုင်အခြားတစ်ဖက်တွင် တရုတ်ဦးဆောင်သောအဖွဲ့ကTrade  Facilitation Agreement (TFA) on  Investment    ကိုဆွေးနွေးရန် တွန်း အားပေး လျက်ရှိကြောင်း၊ ရလဒ်အနေဖြင့် WTO  ၏  ပုံမှန်လုပ်ရိုးလုပ်စဉ်ပျက်ယွင်းပြီး  ဒီဇင်ဘာအစည်း အဝေးအစီအစဉ်ကို အတည်ပြုနိုင်ရန်အတွက် အောက် တိုဘာလတွင်Miniministerial အစည်းအဝေးတစ်ခု ကို မော်ရိုကိုနိုင်ငံ ရှိ  မာရာကက်ရှ်မြို့၌ စီစဉ်ရခြင်းဖြစ် ကြောင်း၊ ဒီဇင်ဘာ Agenda  ၌TFS ထည့်သွင်းဆွေးနွေး နိုင်ရေး ယင်းအစည်းအဝေးတွင် အိန္ဒိယက တွန်းအား ပေးလိမ့်မည်ဖြစ်ကြောင်း၊ ထိုမျှသာမက ဒိုဟာဖွံ့ဖြိုးမှု အစီအစဉ် တွင်ပါဝင် သည့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များကို အဖွဲ့ဝင်များက  တစ်ညီတစ်ညွတ်တည်း  ထပ် လောင်း အတည်ပြုရေးကိုလည်း အိန္ဒိယက ၎င်းင်း၏ ရပ် တည်ချက်မပြောင်းလဲဘဲ  ခိုင်ခိုင်မာမာ ဆက်လက်ရပ် တည်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

 

International Trade News

Pages