ရေနံစိမ်းဈေးနှုန်းကျဆင်းမှုကိစ္စကို အိုပက်အဖွဲ့နဲ့ ဆွေးနွေးရန် ရုရှားနိုင်ငံ အသင့်ဖြစ်

Wed, 02/10/2016 - 05:54 -- admin_ygn

ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့(အိုပက်)မှာရေနံအများဆုံး ထုတ်လုပ်နေတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက ရေနံထုတ်လုပ်မှုကို ငါးရာခိုင်နှုန်းလျှော့ ချဖို့အဆိုပြုထားတယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာရုရှားနိုင်ငံက ပြောကြားကြောင်း jewocity ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြထားပါတယ်။ယခုကဲ့သို့အဆိုပြုထားတဲ့အတွက်ဆယ်နှစ်တာကာလအတွင်းရေနံစိမ်းအလျှံပယ်  ထုတ်လုပ်နေမှုကိုလျှော့ချနိုင်ဖို့အတွက် လမ်းစပေါ်လာပြီး ရေနံစိမ်းဈေးနှုန်းတွေ မြှင့် တင်နိုင်ရေး ပထမဆုံးအကြိမ်အဖြစ်ဆောင်ရွက်မယ့် ဆွေးနွေးမှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ရေနံစိမ်းဈေးနှုန်းတွေကျဆင်းနေ ပေမယ့် အိုပက်အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေကပါရေနံထုတ်လုပ်မှုကို လျှော့ချ မပေးဘူးဆိုရင်အိုပက် အဖွဲ့ကလည်း ရေနံထုတ်လုပ်မှုကိုလျှော့ချပေးမှာ မဟုတ်ကြောင်းကူဝိတ်နဲ့အီရတ်နိုင်ငံ တို့က ဇန်နဝါရီ ၂၆ ရက်က ပြောကြား ထားပြီးဖြစ်ပါတယ်။အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဘီးယားမှ တာဝန်ရှိသူ တွေကချက် ချင်းတုံ့ပြန်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒီသတင်းကဗင်နီဇွဲလားနဲ့ အယ်လ်ဂျီးရီးယားက လာတာဖြစ်ကြောင်း ပင်လယ်ကွေ့ဒေသအိုပက် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ဒီသတင်းတွေ ထွက်ပေါ်လာ ပြီးနောက် ပိုင်းဘရင့် ရေနံစိမ်းဈေးနှုန်းက ၈ ရာခိုင် နှုန်းမြင့်တက်ကာ တစ်စည်ကို အမေ ရိကန်ဒေါ်လာ ၃၆ ဒေါ်လာအထိရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု ရေနံစိမ်း ဈေးက အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ရုရှားနိုင်ငံက လာမယ့်လကစပြီး ဆွေးနွေးပွဲတွေမှာပါဝင်လိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။တကယ်လို့နိုင်ငံတိုင်းက ထုတ် လုပ်မှုကို ငါးရာခိုင်နှုန်းစီလျှော့ချမယ် ဆိုရင်    ကမ္ဘာ့ရေနံထုတ်လုပ်မှု က တစ်ရက်ကို စည်တစ်သန်းလျော့ကျ သွားမှာ ဖြစ်ပြီး ဈေးကွက်ထဲမှာလက်ရှိ အပိုအလျှံဖြစ်နေတဲ့  ပမာဏနဲ့ညီမျှ သွားနိုင်ပါတယ်။

International Trade News

Pages