မလေးရှားစားအုန်းဆီကြိုရောင်းကြိုဝယ်ဈေး ရက်သတ္တခြောက်ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Fri, 07/21/2017 - 06:15 -- admin_ygn

      မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးနှုန်းသည် ရက်သတ္တ ခြောက်ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက် ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ မြင့်တက်လာခြင်းသည် စားအုန်းဆီ ၏ ပြိုင်ဘက်ဆီဖြစ်သည့် ပဲပုပ်ဆီဈေးနှုန်း မြင့်တက်မှုကို အထောက်အကူဖြစ်စေခဲ့ကြောင်း  စတားအွန်လိုင်းသတင်း တွင် ဖော်ပြထားသည်။ဘာဆာမလေးရှားကုန်စည်ဒိုင်၏  စက်တင်ဘာလ အတွက် စာချုပ်ချုပ်ဆိုခဲ့သည့် အခြေခံစံထားဈေးနှုန်းက ဈေးကွက်ပိတ်ချိန်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဆီအုန်းတစ်တန်လျှင် ၂၅၃၉ ရင်းဂစ်နှုန်းရှိခဲ့သည်။ အဆိုပါ  ဈေးနှုန်းသည် တစ်ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့သည်။မေ ၂၅ ရက်ကတည်းက ဈေးနှုန်းအမြင့်ဆုံးသို့ရောက် ရှိခဲ့သည့်  စားအုန်းဆီဈေးနှုန်းသည် တစ်တန်လျှင် ၂၅၈၉ ရင်းဂစ်ရှိခဲ့သည်။ ဇူလိုင် ၁၀ ရက်က အရောင်း အဝယ်ဖြစ်မှု ပမာဏမှာ ၂၅ တန်ရှိ စားအုန်းဆီအတွဲပေါင်း ၄၇၂၂၈ တွဲရှိ ခဲ့သည်။
''ပြင်ပအချက်အလက်တွေအရ ဈေးကွက်ကမြင့်တက် လာတာပါ။ စားအုန်းဆီဈေး မြင့်တက်လာတဲ့အတွက် သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ပဲပုပ်ဆီဈေးနှုန်းကလည်း တစ်ရှိန်ထိုးမြင့် တက်လာ ခဲ့ပါတယ်။  အဲဒီလို ဈေးနှုန်းမြင့်တက်လာတာဟာ ထုတ်လုပ်မှုပမာဏကို ကျဆင်းစေပါတယ်''ဟု ကွာလာလမ်ပူ အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။မလေးရှားနိုင်ငံ ၏ ဇွန်လအတွင်း စားအုန်းဆီထုတ်လုပ် မှုသည် ၁ ဒသမ ၅၁တန်ရှိခဲ့ရာ ၈ ဒသမ ၅ ရာခိုင်နှုန်း ကျ ဆင်းခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က ထုတ် ပြန်သည့် အချက်အလက် များ အရ သိရသည်။
အသေးစိတ် စာရင်းများတွင်လည်း စားအုန်းဆီထုတ် လုပ်မှုကျဆင်းလျက်ရှိရာ တန်ချိန် ၁ ဒသမ ၅၆ သန်းသာ ထုတ်လုပ်နိုင်ခဲ့သဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ပို့ကုန် လုပ်ငန်း ရှင် များ၏ ဇွန်လတစ်လအတွင်းတင်ပို့မှုပမာဏ မှာလည်း ကျဆင်းခဲ့ရာ တန်ချိန် ၁ ဒသမ ၃၈သန်းသာရှိခဲ့ပြီး ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။''ဇူလိုင်လ ၁၀ ရက် နေ့လယ် ပိုင်းမှာ အပြင်မှာထွက် ပေါ်နေတဲ့သတင်းတွေကြောင့် ဈေးတက်မယ်ဆိုပြီးလှုပ်လှုပ် ခတ်ခတ်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်  နောက်ရက်အနည်း ငယ်မှာတော့ ဈေးက အဖျားရှူးသွားတယ်''ဟု ကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။
ဇူလိုင် ၁ ရက်မှ ၁၀ ရက် အတွင်း မလေးရှားနိုင်ငံတွင် စားအုန်းဆီတင်ပို့မှု ၁ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်Intertek Testing Service က ဖော်ပြခဲ့သည်။စားအုန်းဆီနှ င့်ဆက် စပ်နေသည့် အခြားဟင်းရွက်ဆီ နှင့် ပဲပုပ်ဆီတို့၏ ကြိုရောင်းဈေးမှာ ချီကာဂိုဘုတ်အဖွဲ့တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင်တွင် စက်တင်ဘာ အတွက် စာချုပ်ချုပ်ဆို ဈေး သည် ၂ ဒသမ ၁ ရာခိုင်နှုန်းသို့ တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။

 

International Trade News

Pages