ဘီလာရုစ်နှင့် တရုတ်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

Fri, 02/16/2018 - 04:52 -- admin_ygn

    တရုတ်ဝန်ကြီးချုပ်လီခချန်း၏ ၂၀၁၇ ခုနှစ် နှစ်ကုန်ခန့်က ဘီလာရုစ်နိုင်ငံသို့  သွားရောက်ခဲ့ သည့်   ခရီးစဉ်အတွင်း  နှစ်ဖက်ဝန်ကြီးချုပ်များက ခရီးသွားလုပ်ငန်း   ပို၍ တိုးမြှင့်ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်ကYear of Tourism  အဖြစ်သဘောတူ ခဲ့ကြကြောင်းသိရသည်။   ဘီလာရုစ်အနေဖြင့် တရုတ်ခရီးသွားများအတွက်  ဗီဇာနှင့်တိုက်ရိုက် လေကြောင်းလိုင်းကိစ္စများတွင်  ပို၍လွယ်ကူချော မွေ့မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  ယခုလက်ရှိ  တရုတ်ခရီးသွားများ အတွက် အခမဲ့ဗီဇာငါးရက်ပေးထားပြီး ဖြေလျှော့မှု များ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဘီလာရုစ်မြို့တော်Minsk နှင့် ပေကျင်းကိုပြေးဆွဲ သည့်   တိုက်ရိုက်လေေ ကြာင်းလိုင်းရှိနေသော် လည်း တရုတ်၏ အခြားပြည်နယ် မြို့ကြီးများနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်ရန်  မျှော်လင့်ကြောင်း ဘီလာရုစ်သံအမတ်ကြီးက ပြောကြားထားသည်။ထို့အပြင် လာမည့်နှစ်များတွင် တရုတ်မှ ကျင်းပသည့် ကုန် စည်ပြ ပွဲများ၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေး ပွဲများတွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး တရုတ် ခရီးသွားများအား ဆွဲဆောင်သွားမည်ဖြစ်သည်။ ဘီလာရုစ်သံရုံးမှတစ်ဆင့် ခရီးသွား လာမှု ဆိုင်ရာ သတင်းအချက်အလက်များကို တရုတ်ပြည်သူများ ပိုမိုသတိပြုမိလာအောင်  ဆောင်ရွက်မည်ဖြစ် ကြောင်းလည်းသိရသည်။မြို့တော်Minsk  ၏ လေဆိပ်တွင် တရုတ် ခရီးသွားများအဆင်ပြေချောမွေ့မှုရှိစေရန် တရုတ် ဘာသာဖြင့် ကြေညာခြင်း၊  လမ်းညွှန်ဆိုင်းဘုတ် များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးထားပြီး  တရုတ်စားသောက်ဆိုင်များတိုးမြှင့်ဖွင့်လှစ်ခြင်း နှင့် Union Pay ဖြင့် အသုံးပြုနိုင်အောင် စီစဉ်ပေး ခြင်းဖြင့် တရုတ် ရီးသွားများအတွက်  အဆင်ပြေ ချောမွေ့မှုရှိစေရန် ပြုလုပ်ပေးထားကြောင်း သိရ သည်။၂၀၁၆ ခုနှစ်အတွင်း ဘီလာရုစ်သို့ တရုတ် ခရီးသွားဦးရေ ၁၇၀၀၀ သွားရောက် လည်ပတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၂၀၀၀၀ အထိတိုးတက်လာခဲ့ ကြောင်း သိရသည်။    

သန္တာခိုင်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages