ဗီယက်နမ်အကောက်ခွန်ကဏ္ဍအတွက် ပိုမိုကောင်းမွန်တဲ့အိုင်တီစနစ်တပ်ဆင်မည်

Wed, 02/10/2016 - 06:46 -- admin_ygn

ဗီယက်နမ်  အထွေထွေ အကောက်ခွန်ဦးစီးဌာန ရဲ့ရည်မှန်းချက်က ပြည်သူတွေနဲ့  စီးပွားရေးလုပ်ငန်း တွေလုပ်ကိုင်ဆောင်ရွက်တဲ့အခါ လွယ်ကူချောမွေ့စေဖို့အတွက်အကောက်ခွန်လုပ်ငန်းအားလုံးမှာ သတင်းအချက်အလက်နဲ့ နည်းပညာအသုံးချမှုကို မြှင့်တင် ပေးဖို့ဖြစ်ပါတယ်။အနာဂတ်ကာလမှာ e-government  အဖြစ်  ဆောင်ရွက်ရေးဆုံးဖြတ်ချက်ကို   အကောင်အထည် ဖော်ရာမှာ အကောက်ခွန်ဌာနရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အကောက် ခွန် ဌာနရဲ့အိုင်တီနဲ့ စာရင်းအင်းဌာနခွဲ ညွှန်ကြားရေးမှူးငုယင်မန်းတန်ကဗီယက်နမ်နယူးအေဂျင်စီရဲ့အီလက်ထရွန်းနစ်သတင်းစာ Vietnam Plus ကို ရှင်းလင်းပြောကြားပါတယ်။အွန်လိုင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အနည်းဆုံးအဆင့် ၃ အထိရောက်ရှိအောင်ဆောင်ရွက်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကလမ်းညွှန်းချက်ချမှတ်ထားပါတယ်။ လမ်းညွှန်ချက်နဲ့အညီ ဒီနှစ်အတွင်းမှာ အထူးသဖြင့် ဌာနက ဆောင်ရွက်ထားတဲ့ e-portal မှာ အကောက် ခွန်ဌာနက အွန်လိုင်းပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခုအဆင့်ကိုအသုံးပြုမယ်ဆိုရင်လျှောက်လွှာတွေ ကိုဖြည့်သွင်းပြီး အွန်လိုင်းကနေတင်သွင်းလျှောက် ထားနိုင်တော့မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အဓိက ကျတဲ့အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတွက် အွန်လိုင်းပြည်သူ့ဝန်ဆောင်မှုအဆင့်  ၄ ကို  ဌာနကဆောင် ရွက်ပေးတော့မှာဖြစ်ကြောင်းတန်ကပြောပါ တယ်။အွန်လိုင်းပြည်သူ့ဝန်ဆောင်မှု အ ဆင့် ၄ အရ လျှောက်ထားသူတွေကအခွန်အခပေးတာတွေနဲ့ အသိပေး အကြောင်းကြားချက်စတဲ့လုပ်ငန်းတွေကို အွန်လိုင်းကနေတစ်ဆင့်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ပြင် အကောက်ခွန်ဌာနက ဒီအွန်လိုင်း စနစ်ကို   ဆိပ်ကမ်းရှိစီးပွားရေးလုပ်ငန်းရုံးတွေ၊ အကောက်ခွန်လွတ်ဆိုင်တွေ၊ ကုန်စည်တစ်ဆင့်ခံအကူးအပြောင်းလုပ်ငန်းတွေ၊ ကုန်စည်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်စုဆောင်းမှု ဆောင်ရွက်နေသူ တွေအပြင် သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေနဲ့လည်း ချိတ်ဆက်ပေးထားမှာဖြစ်ပါတယ်။အထူးသဖြင့် အွန်လိုင်းဝန်ဆောင်မှုမှာ ပါဝင်တဲ့ စွန့်စားမှု   စီမံခန့်ခွဲရေးစနစ် (Risk Management System)  က စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေကိုပိုမိုကောင်း မွန်အောင် ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဒီစနစ်ကိုပြန်လည်သုံးသပ်ကာ အဆင့်မြှင့်ပေးသွားမှာဖြစ်ပါတယ်။

International Trade News

Pages