နယူး​ယောက် စတော့ဈေးကွက်တွင် အာရေဗီကာကော်ဖီဈေးနှုန်းများ အနည်းငယ်ကျဆင်း

Mon, 07/05/2021 - 08:38 -- admin_ygn

         နယူးယောက် စတော့ဈေးကွက်တွင် ကြိုပွိုင့်ကော်ဖီဈေးနှုန်းများ နှစ်ရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ဇွန် ၃၀ ရက်တွင် အနည်းငယ် ကျရိပ်ပြခဲ့ကြောင်း၊ လက်ရှိဈေးနှုန်းမှာ ကော်ဖီတစ်ပေါင်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  စက်တင်ဘာလ  ကြိုပွိုင့်ဈေးကွက်တွင် ကော်ဖီ တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၂၇ မှ ၁ ဒသမ ၆၀၂ သို့ ၁ ဒသမ ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။နယူးယောက်  စတော့ဈေးကွက်တွင်   အာရေဗီကာကြိုပွိုင့်ဈေးကွက်တွင်  ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သဖြင့် ဘရာဇီးစတော့ဈေးကွက်တွင်လည်း ကြိုပွိုင့်ဈေးနှုန်းများတွင် အနည်းငယ် ကျရိပ်ပြခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်း ဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ  Safras & Mercadoက သတင်းဌာနသို့ ပြောကြားခဲ့သည်။ဘရာဇီးနိုင်ငံတွင် အာရေဗီကာကော်ဖီ အဓိကစိုက်ပျိုးထွက်ရှိသည့်   Minas Geraisပြည်နယ်   တောင်ပိုင်းတွင် ခငအအေငသည ၁၅ ရာခိုင်နှုန်း ကော်ဖီအမျိုးအစားသည် ၈၃၀ ဟဲရာမှ ၈၂၅ ဟဲရာသို့ ဈေးနှုန်း  အနည်းငယ်ကျဆင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ် - canalrural.com.br  ၊ ထွန်းအောင်ဇော် (စီးပွားရေးသံမှူး)

International Trade News

Pages