ထိုင်းနိုင်ငံ၏ လက်မှုပစ္စည်းတင်ပို့မှုကို မြှင့်တင်မည်

Wed, 03/29/2017 - 04:59 -- admin_ygn

    ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်း မွန်လာခြင်း၊ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်း၊ ထိုင်းလက်မှုလုပ်ငန်းများ အနေဖြင့် ဖောက်သည်များ၏ လူနေမှု အဆင့်အတန်းနှင့် လိုက်လျောညီထွေ စွာ ဆန်းသစ်တီထွင် ထုတ်လုပ်နိုင်ခြင်း များကြောင့် ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ လက်မှုပစ္စည်းတင်ပို့မှုကို ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၆ ခုနှစ်တွင် ရွှေနှင့်ငွေထည် ပစ္စည်းတင်ပို့မှုမှ ဘတ် ၄၄ ဒသမ ၂ ဘီလီယံရရှိ၍ ၂၀၁၅ ခုနှစ်ထက် သုည ဒသမ ၃၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး  အခြားလက်မှုပစ္စည်းအမျိုးမျိုးတင်ပို့မှုမှ ဘတ် ၆ ဒသမ ၆၄ ဘီလီယံရရှိခဲ့ သဖြင့် သုည ဒသမ ၈၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ သို့သော် ချည် ထည်ပစ္စည်းတင်ပို့မှုမှ ဘတ် ၇ ဒသမ ၅ ဘီလီယံရရှိခဲ့ရာ ယခင်နှစ်ထက် ၄ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်းသကဲ့သို့ ကြွေထည်မြေထည် တင်ပို့မှုမှလည်း ဘတ် ၈၈၈ သန်းသာရရှိခဲ့သဖြင့် ၂  ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ လက်မှုပစ္စည်းတင်ပို့သည့် အဓိကဈေးကွက်များမှာ အမေရိကန်၊ ဟောင်ကောင်နှင့်ဂျာမနီစသည့်နိုင်ငံ များဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၁ ဒသမ ၇ ရာခိုင်နှုန်းရှိပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်းက တရုတ်နိုင်ငံသို့ ရွှေထည်ငွေထည်နှင့်ချည်ထည်အမျိုး မျိုးတင်ပို့မှုသည် ယခင်နှစ်ထက် ၃၀ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံ သို့တင်ပို့မှုမှ ၁၄ ဒသမ ၂ ရာခိုင်နှုန်း နှင့် လီချင်စတိန်းနိုင်ငံသို့တင်ပို့မှုသည် ၈ ဒသမ ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါ သည်။ ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ သည်လက်မှုပစ္စည်းတင်ပို့မှုမှ စုစုပေါင်း ဘတ် ၅၉ ဒသမ ၂ ဘီလီယံရရှိခဲ့သော် လည်း ယခင်နှစ်ထက် သုည ဒသမ ၃၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။
ထိုင်းအစိုးရအနေဖြင့် တိုင်းပြည် စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည့် စတုတ္ထစက်မှုတော်လှန်ရေး မူဝါဒ (Thailand 4.0) ကိုချမှတ်၍ ကဏ္ဍအလိုက် အလေးထား အကောင် အထည်ဖော်လျက်ရှိသည်။ ထို့ကြောင့် လက်မှုပစ္စည်းထုတ်လုပ်မှုကဏ္ဍအနေ ဖြင့်လည်း ဆန်းသစ်တီထွင်မှုကို မြှင့် တင်၍ ခေတ်သစ်လူနေမှုစနစ်တွင် လက်တွေ့အသုံးဝင်မည့် လက်မှုပစ္စည်း များကို ဆန်းသစ်ထုတ်လုပ်မည်ဖြစ် သည်။ ထိုင်းနိုင်ငံလက်မှုအနုပညာ စင်တာမှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ လက်မှုပစ္စည်းပြပ(International Innovative Craft Fair 2017)  ကို ထိုင်း နိုင်ငံတွင် ယခုနှစ်မတ်လ ၂၃ ရက်မှ ၂၆ ရက်အထိ လေးရက်ကြာကျင်းပမည် ဖြစ်ရာ ပြခန်းပေါင်း ၃၅၀ တွင် ဒေသ တွင်း နိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံ အသီးသီးမှ  လက်မှုပစ္စည်းများ ပါဝင် ပြသကြမည်ဖြစ်ကြောင်း ဗန်ကောက် ပို့စ်သတင်းတွင် ဖော်ပြထားပါသည်။
 ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

International Trade News

Pages