တောင်ကိုရီးယား စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော်လည်း အလုပ်အကိုင်သစ် မဖန်တီးနိုင်သေး

Thu, 05/18/2017 - 08:05 -- admin_ygn

      ကုန်ထုတ်လုပ်မှုကဏ္ဍသည် မကြာသေးမီနှစ်များ အတွင်း တိုးတက်မှုနိမ့်ကျခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မည့် အလားအလာ ကို မတွေ့ရသေးကြောင်း မေ ၈ ရက်က ထုတ်ပြန်သော ကိန်းဂဏန်း များအရ တွေ့ရသည်။စုစုပေါင်း ပြည်တွင်း ထုတ်ကုန်( ဂျီဒီပီ) ဝမ်တစ်ဘီလီယံ ( အမေရိကန် ဒေါ်လာ ၈၈၄၀၀၀) ရရှိပါက အလုပ်အကိုင် ရရှိသော အလုပ် သမားအရေအတွက်မှာ ၂၀၁၆ ခုနှစ်က ၁၇ ဒသမ ၄ ဦးနှုန်းခန့်ရှိခဲ့သည့်အတွက် ဤနှုန်းမှာ မကြုံစဖူး နိမ့်ကျသောနှုန်းဖြစ်ကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်၊ ကိုရီယားစာရင်းရုံးနှင့် ကိုရီးယား အလုပ်သမားအဖွဲ့တို့မှ ထုတ်ပြန်ေ သာ စာရင်းများအရ သိရသည်။ ထိုသို့ဆောင်ရွက် ရာတွင် ၂၀၀၈ ခုနှစ်က ခန့်ထားနိုင်သော ဝန်ထမ်းအရေ အတွက်မှာ ၂၀ ဦးဖြစ်ရာ ယခုကိန်းဂဏန်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်။အလုပ် အကိုင် ဖွံ့ဖြိုးမှုနှင့် ဂျီဒီပီ ဖွံ့ဖြိုးမှုနှုန်းကို အချိုးချ ၍ တွက်ချက်ဖော်ပြသော အလုပ်အကိုင်ရရှိမှု အလျော့အတင်း(Employment Elasticity) မှာ ၂၀၁၅  ခုနှစ်က သုညဒသမ ၅၀၄ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် သုညဒသမ ၄၂၁ နှုန်း သို့ ကျဆင်းခဲ့သည်။ အလုပ်အကိုင် ရရှိ မှုအလျော့အတင်း နှုန်းမြင့်မားလာလေ အလုပ်အကိုင် အခွင့်အလမ်းများ မြင့် မားလေလေဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းလည်း ပိုမိုမြင့်တက်လာနိုင်သည်။ကဏ္ဍ အလိုက်ကြည့်ပါက လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း တို့မှာအလုပ်အကိုင်ကို အများဆုံး ဖန်တီး ပေးသည့် ကဏ္ဍများဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဂျီဒီပီ တစ်ဘီလီယံ ကို အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၄၅ ဒသမ ၇ ဦးနှုန်း ရှိခဲ့သည်။ လက်လီရောင်းချရေးလုပ်ငန်း၊ အစားအစာနှင့် ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းတို့မှာ ၃၈ ဒသမ ၄ ဦးနှုန်း ရှိသည်။ ပြည်သူ့ ကျန်းမာရေးနှင့် လူဝင် မှုလုပ်ငန်းတို့မှာ ၂၉ ဒသမ ၅ ဦးနှင့် ၂၈ ဒသမ ၆ ဦး အသီးသီးရှိကြသည်။

 

International Trade News

Pages