တရုတ်နိုင်ငံ၏ ပြည်တွင်းနည်းပညာဖြင့် ပထမဆုံးတည်ဆောက်သည့် ခရီးသည်တင် C919 လေယာဉ်စတင်စမ်းသပ်ပျံသန်း

Tue, 05/16/2017 - 07:27 -- admin_ygn

    တရုတ်၏ ပြည်တွင်းနည်းပညာဖြင့်တည်ဆောက်သည့် ခရီး သည်တင် C919 လေယာဉ်စတင် စမ်းသပ်ပျံသန်းမှုအစီအစဉ်ကို မေလ ၅ ရက်က ရှန်ဟိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ပင်လယ်ရေမျက်နှာ ပြင်အထက် ကီလိုမီတာ ၃၀၀၀ ကျော်မှ တစ်နာရီလျှင်  ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ၇၉ မိနစ်ကြာစမ်းသပ်ပျံသန်းခဲ့ပြီး လာရောက်ကြည့် ရှုသူဦးရေ ၃၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါသည်။ တရုတ်၏လေ ကြောင်းတီထွင် ဆန်းသစ်မှုနည်းပညာနှင့် ထုတ်လုပ်မှုစွမ်း ရည် အတွက် မှတ်ကျောက်တစ်ခုဖြစ်သည့်အပြင် ယခုဆောင်ရွက်နေသည့် Supply Side Reform ၏တီထွင်ဆန်းသစ်မှုဖြင့် လုပ်ငန်းမြှင့်တင် မည့် ကုန်ထုတ်လုပ်မှု စီးပွားရေးအတွက် အားထုတ်မှုတစ်ရပ်ဖြစ် ကြောင်း နိုင်ငံတော်ကောင်စီက ပြောကြားခဲ့ပါသည်။
ဃ၉၁၉ စီမံကိန်းကို ၂၀၀၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်ှhState Owned Commercial Aircraft Corp of China  က ဒါလီယံမြို့၌ ထုတ်လုပ်ခဲ့ပါသည်။ C919  ၏အဓိကအားသာချက်မှာနိုင်ငံတကာ လေကြောင်းပျံသန်းမှု စည်းမျဉ်းနှင့် စံချိန်စံညွှန်းများအရ တည် ဆောက်ထားသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ အလား တူ လေယာဉ်များနှင့်နှိုင်းယှဉ်ပါက စွမ်းအင်သုံးစွဲမှု သက် သာခြင်း၊ ကျယ်ဝန်းသည့်ထိုင်ခုံနှင့် ခေတ်မီနည်းပညာမြင့် အထောက်အပံ့ ပစ္စည်းများဖြစ်သည့်အတွက် သက်သောင့်သက်သာရှိခြင်း၊အင်ဂျင် သံဆူညံမှုနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကို နည်းပညာဖြင့် ထိန်းချုပ် လျှော့ချ ထားခြင်း စသည့်အချက်များဖြင့် ပြည့်စုံမှုရှိကြောင်း သိရှိရ ပါသည်။ လေယာဉ်အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်းကျော်မှာ ပြည် တွင်း၌ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ပြီး ၅၅၅၅ ကီလိုမီတာကို တစ်ဆက်တည်း ပျံသန်းနိုင်ကြောင်းသိရသည်။ ခရီးသည် ၁၅၈ဦး မှ ၁၇၄ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး အမြင့်ဆုံးတင်ဆောင်နိုင်သည့် ကုန်အလေးချိန်မှာ ကီလိုဂရမ် ၂၀၀၀၀ ရှိပါသည်။ ခရီးသည် တင် ဆောင်ပျံသန်းမှု မစတင်မီ တရုတ်မြို့ပြလေကြောင်းအုပ်ချုပ်ရေး အဖွဲ့(China Civil Aviation Administration) ၏ ခွင့်ပြုသည့် အထောက်အထားလက်မှတ်ရရှိရန်နှစ်နှစ်မှသုံးနှစ်အထိ အချိန် ယူရမည်ဖြစ်ကြောင်းသိရှိရသည်။  ယခုအခါ လေယာဉ် အစီးပေါင်း ၅၇၀ ကို ဝယ်ယူရန် အမှာ စာများ လက်ခံရရှိ ထားကြောင်းသိရသည်။ ထို့ကြောင့် အနာဂတ် တွင် လက်ရှိBoeing နှင့်Airbus ဈေးကွက်ကို  နေရာယူနိုင်ရန် မျှော်မှန်းထားကြောင်းCommercial Aircraft Corp of China  က ပြောကြားပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages