တင်ဒါစနစ်ဖြင့် ဂျုံတန်ချိန်တစ်သိန်းကျော် ဝယ်ယူရန် ဂျပန်နိုင်ငံက ကမ်းလှမ်း

Thu, 03/09/2017 - 06:44 -- admin_ygn

လူစားသုံးနိုင်သည့် အရည်အသွေး မီဂျုံတန် ချိန် ၁၁၃၁၆၇ တန်ကို အမေရိ ကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံမှ တင်ဒါစနစ်ဖြင့် ဝယ်ယူ ရန် ဂျပန်နိုင်ငံက ကမ်းလှမ်းထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။ ဂျုံများကို အမေရိကန် ပြည်ထောင်စုမှ ဂျုံဖြူ၊ ဆောင်းရာသီ စိုက်ဂျုံနှင့် နွေဦးရာသီစိုက်ဂျုံဟူ၍ အမျိုးအစား အသီးသီးခွဲ၍ ဝယ်ယူသွား မည်ဖြစ်သည်။ သြစတြေးလျ နိုင်ငံမှ ဂျုံများကိုမူ သြစတြေးလျ အနောက်ပိုင်း ဒေသမှ ထွက်ရှိသော Australia Standard White အမျိုး အစားကို တန်ချိန် ၂၇၇၅၀ ဝယ်ယူသွားမည် ဖြစ်သည်။ ကျန်ဂျုံ ပမာဏကို အမေရိကန် ပြည်ထောင်စုမှ မှာယူ တင်သွင်းမည်ဖြစ်သည်။
သင်္ဘောတင်ရက်ကို အမေရိကန် ပြည်ထောင် စု ဂျုံများအတွက် ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက် တွင်လည်းကောင်း၊ သြစတြေးလျမှ ဂျုံများကို မေ ၁ ရက်မှ မေ ၃၁ ရက်အထိ လည်းကောင်း စတင် ဆောင်ရွက်ရန် သတ်မှတ်ထားသည်။

International Trade News

Pages