ဈေးသက်သာပြီးအရသာရှိတဲ့ ဂျပန်အစားအစာများကို အာရှဒေသအတွင်းဖြန့်ချီနိုင်ရန် ကန်ဆိုင်းဒေသမှ ကုမ္ပဏီများကြိုးပမ်း

Wed, 02/10/2016 - 05:20 -- admin_ygn

ဂျပန်နိုင်ငံကန်ဆိုင်းဒေသကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားတွေကအရသာ ရှိတဲ့ကန်ဆိုင်းဒေသအစားအစာတွေကိုအူလှိုက်သည်းလှိုက်စွဲလမ်းနှစ်သက်ကြတာကို တွေ့ရပါတယ်။ဒါကြောင့် အဲဒီဒေသကိုလာ ရောက်လည်ပတ်သူတွေက သူတို့နေ ရင်းဒေသကိုပြန်ရောက်တဲ့အခါမှာ လည်းဒီအစားအစာတွေကို စားသောက် ချင်ကြမှာဖြစ်တဲ့အတွက် အဲဒီဒေသ တွေမှာဈေးကွက်အလားအလာတွေရှိ နိုင်တယ်လို့ အစားအစာထုတ်လုပ်သူ တွေနဲ့ စားသောက်ဆိုင်တွေက  ယူဆ ကြကြောင်း အဆာဟိသတင်းမှာ ဖော် ပြပါတယ်။သူတို့နှစ်သက်   စွဲလမ်းကြတဲ့ အထဲမှာဟင်းသီးဟင်းရွက်၊ အသားနဲ့ တခြားအစပ်အဟပ်တွေပါတဲ့ဆီကြော်မုန့်တစ်မျိုးဖြစ်တဲ့ အိုကိုနိုမီယာ ကီ၊ ဝက်သားကင်တစ်မျိုးဖြစ်တဲ့ ကူရှီကာဆု နဲ့ပဲပုပ်နံ့လေးသင်းနေအောင်ချက်ထားတဲ့အိုဒင်ဟင်းချိုစတာတွေပါဝင်ပြီးဒီအစားအစာတွေက ဟရိုဂျိုစီရင်စု မှာရှိတဲ့ဟီမဲဂျီဒေသကအစားအစာ တွေဖြစ်ပါတယ်။၂၀၁၅ ခုနှစ် အောက် တိုဘာလအတွင်းက  ဟီမဲဂျီအိုဒင်အရောင်းမြှင့် တင်ရေးကော်မရှင်ကဦးစီးပြီးအစား အစာပြပွဲတစ်ခုကိုခင်းကျင်းပြသခဲ့ပါ တယ်။ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ အစားအစာထုတ်လုပ်သူတွေနဲ့ ဒီလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ လုပ်ငန်း တွေပါဝင် ပြီး နိုင်ငံခြားသားတွေကသူတို့နိုင်ငံမှာရောင်းချနေတဲ့ဟီမဲဂျီအိုဒင်ဟင်းချိုကို မြည်းစမ်းပြီးနောက်ဂျပန်နိုင်ငံအထိ လာရောက်စားသောက်ကြလိမ့်မယ်လို့ ကော်ရှင်ကခန့်မှန်းထားပါတယ်။ ဟီမဲဂျီအိုဒင်ဟင်းချိုကိုအထူးပြု ရောင်း ချမယ့်  စားသောက်ဆိုင်တစ်ဆိုင်ကို တောင်ကိုရီးယားမှာ မကြာမီဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။တကယ်လို့ပင်လယ်ရပ်ခြားဒေသမှာအိုဒင်ဟင်းချိုကိုသောက်ချင်တယ်ဆိုရင်ဟီမဲဂျီစတိုင်အတိုင်းစားနိုင်အောင်ဖန်တီးပေး ဖို့ကော်မရှင်က စဉ်းစားလျက်ရှိပါတယ်။

International Trade News

Pages