ဆိုလာပြားတင်သွင်းမှုအပေါ်Safeguard Duty ၇၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံရန် အိန္ဒိယအစိုးရစဉ်းစား

Thu, 02/22/2018 - 03:15 -- admin_ygn

    အိန္ဒိယနိုင်ငံအတွင်းသို့  ဆိုလာ ပစ္စည်း  တင်သွင်းမှု   တိုးမြင့်လာခြင်း ကြောင့်   ပြည်တွင်းလုပ်ငန်းများအား ထိခိုက်နစ်နာမည်ကို စိုးရိမ်ပူပန်သည့် အတွက်  တရုတ်နှင့်   မလေးရှားတို့မှ အိန္ဒိယနိုင်ငံအတွင်းသို့ တင်သွင်းလာ သည့် ဆိုလာပြားများနှင့် ဆိုလာဘက် ထရီများအပေါ်Safeguard duty  ၇၀ ရာခိုင်နှုန်းကောက်ခံရန် အိန္ဒိယအစိုးရ ၏ Directorate General of Safeguards(DGS)  က ၎င်းတို့၏ စုံစမ်းစစ်ဆေး ရေးအစီရင်ခံစာ၌ အဆိုပြု ထားေ ကြာင်းသိရှိရသည်။ပြည်ပမှ ဈေးနှုန်းသက်သာသည့် ဆိုလာပစ္စည်း  တင်သွင်းမှု အဆမတန် မြင့်တက်လာသည့်အတွက် ပြည်တွင်း ထုတ်လုပ်သူများမှာ  အရှုံးပေါ်နေသည့် အတွက်   ယင်းလုပ်ငန်းရှင်များအားကာကွယ်နို င်ရေး Safeguard duty ကောက်ခံရန်  အိန္ဒိယဆိုလာထုတ်လုပ် သူများအသင်းက  လျှောက်လဲအဆိုပြု တင်ပြလာမှုကြောင့် စုံစမ်းစစ်ဆေးမှုပြု လုပ်ခဲ့ခြင်းဖြစ်သည်။လုပ်ငန်းရှင်အချို့ကမူ    ဆိုလာ ပြားများနှင့် အစိတ်အပိုင်းများ အပေါ် အခွန်တိုးမြှင့်   ကောက်ခံခြင်းကြောင့် ဆိုလာလုပ်ငန်း   ဆောင်ရွက်နေသူများ အပေါ်   ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပြီး စားသုံးသူများကို    ထိခိုက်နစ်နာနိုင် ကြောင်း၊   အခွန်ကောက်ခံခြင်းသည် ပြည်တွင်းထုတ်လုပ်သူများ ကို  ရေတိုတွင် အထောက်အကူပြုနိုင်သော်လည်း ရေရှည်အကျိုးဖြစ်ထွန်းနိုင်ဖွယ် မရှိ ကြောင်း၊ ထိုမျှသာမက ဆိုလာစီမံကိန်း ကုန်ကျစရိတ်များမှာလည်း ယခင်ထက် ၄၀ ရာခိုင်နှုန်းမြင့်တက် လာ မည်ဖြစ်ကာဆိုလာလျှပ်စစ် ခ    နှုန်းထားများမှာ လည်း    ပိုမိုမြင့်မားလာစေနိုင်ကြောင်း၊  အကာအကွယ်ခွန်နှင့် တန်ပြန်စုပုံခွန(Safeguard duties and anti-dumping duty)  များ  စည်းကြပ်ကောက် ခံခြင်း သည် သဘောသဘာဝအားဖြင့် အကာ အကွယ်ပြုခြင်း သာဖြစ်ပြီး ရေရှည်တွင် ပြည်တွင်း     ထုတ်လုပ်သူများကိုပင် အထောက်အကူမပြုနိုင်ဟုBridge to India  ဆိုလာလုပ်ငန်းဆိုင်ရာ အကြံပေး အဖွဲ့အစည်း၏ မန်နေဂျာက သုံးသပ် ပြောကြားထားသည်။DGS ၏  လေ့လာသုံးသပ်ချက် အရ တရုတ်နိုင်ငံအနေဖြင့် ဆိုလာပြား အမြောက်အမြား ထုတ်လုပ်လျက်ရှိပြီး အီးယူနှင့် အမေရိကန်နိုင်ငံတို့သို့ တင်ပို့ ရာ၌ အခက်အခဲ၊ အတားအဆီးများနှင့် ရင်ဆိုင်ရလျက်ရှိရာ   ပိုလျှံလာသည့် ပမာဏ အတွက် သင့်တော်သည့် ဝယ် လက်နိုင်ငံတစ်နိုင်ငံကို   ရှာဖွေခဲ့ပြီး အိန္ဒိယသည်   ၎င်းင်းတို့၏ ထုတ်ကုန်များ အတွက်  အသင့်တော်ဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ကြကြောင်းနှင့်    အီးယူနှင့် အမေရိကန်တို့က  တရုတ်မှ တင်သွင်း သည့် ဆိုလာဆဲလ်များအား ကာကွယ် တားဆီးသည့်    လုပ်ငန်းစဉ်များဖော် ဆောင်လိုက်ခြင်းသည်  တရုတ်ပို့ကုန် များကို အိန္ဒိယဆီသို့ဦးတည်စေခဲ့သည် ဟု     ထောက်ပြပြောဆိုမှုများလည်းရှိ သည်။အိန္ဒိယမှ   အဓိကတင် သွင်းနေ သည့်    ဆိုလာဆဲလ်များမှာ    တရုတ်၊ အမေရိကန်၊   စင်ကာပူနှင့် တရုတ် (တိုင်ပေ) တို့မှဖြစ်ပြီး တင်သွင်းမှုပမာဏ အနေဖြင့် ၂၀၁၄-၁၅ တွင် ၁၂၇၅ မီဂါ ဝပ်သာရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် ၉၄၇၄ မီဂါဝပ်သို့ တိုးမြင့် လာခဲ့ပြီး ၆၄၃ ရာခိုင် နှုန်းအထိ   မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏  ပထမခြောက် လတွင်ပင်    ဆိုလာဆဲလ်တင်သွင်းမှု ပမာဏမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်ခု လုံး၏    ၇၄ ရာခိုင်နှုန်း   မြင့်တက်ခဲ့ ကြောင်း၊ သို့ဖြစ်၍ လက်ရှိအနေအထား မှာ အလွန်အရေးကြီးသည့် အခြေအနေ ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအား ကာကွယ်နိုင်ရန်အတွက် Safeguard Duty ကို အချိန်မဆိုင်းဘဲကောက်ခံသင့် ကာ အကောင်အထည်ေ ဖာ်မှုနှော င့်နှေး နေမည်ဆိုပါက     ထိခိုက်နစ်နာမှုများ အား   ပြန်လည်ပြင်ဆင်ထူထောင်ရန် ခက်ခဲလိမ့်မည်ဟု     စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ၌  ထည့်သွင်းဖော်ပြထား သည်။၂၀၁၂ ခုနှစ်တွင်    တရုတ်မှ အိန္ဒိယသို့တင်ပို့မှုမှာ   တစ်ကမ္ဘာ လုံး သို့ တင်ပို့သည့်   ပမာဏ၏ ၁ ဒသမ ၅၂ ရာခိုင်နှုန်းသာ   ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ၂၁ ဒသမ ၅၈ ရာခိုင်နှုန်းသို့ မြင့် တက်လာခဲ့ကြောင်း၊ တရုတ်ပို့ကုန်လုပ် ငန်းရှင်များအနေဖြင့်  အမေရိကန်၊ အီးယူကဲ့သို့   ဈေးကွက်အခွင့်အလမ်း များ ဆုံးရှုံးထားခြင်းကြောင့် ပိုလျှံသည့် ပမာဏများကို   အိန္ဒိယဈေးကွက်သို့ ဦးတည်လာနိုင်ကြောင်းကို  ထောက်ပြ ပြောဆိုမှုများအရ သိရှိရသည်။

 

  ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး

 မြန်မာသံရုံး၊ နယူးဒေလီမြို့

 

 

 

International Trade News

Pages