ဆန်သိုလှောင်ရုံနှင့် စပါးကျီများဆောက်လုပ်ရန် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား ကမ္ဘောဒီးယားနိုင်ငံက ဆွဲဆောင်လျက်ရှိ

Wed, 07/12/2017 - 07:03 -- admin_ygn

ပြည်ပသို့  နှစ်စဉ်ဆန်တန်ချိန် တစ်သန်းတင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံ၏ ရည်မှန်းချက်ကို ပြည့်မီရန်အတွက် လို အပ်နေသည့်စပါးသိုလှောင်မှုဆိုင်ရာကိစ္စရပ်အား ဖြည့်ဆည်း ပေးနိုင်ရန် ဆန်သိုလှောင်ရုံများနှင့် စပါးကျီ အမြောက်အများ ဆောက်လုပ်မည့် အဆိုပြုစီမံချက်သည်တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီနှစ်ခုအား ဆွဲဆောင်လျက်ရှိကြောင်း သိရှိရ ပါသည်။
ကမ္ဘောဒီးယားနိုင်ငံက တစ်နှစ်ဆန်တန်ချိန်တစ်သန်း ကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် လက်ရှိတွင်အဆိုပါပမာဏ ၏ ဆန် ၄၀ ရာခိုင်နှုန်းအတွက်သာ သိုလှောင်ရုံများရှိပြီး ၆၀ ရာခိုင်နှုန်းခန့်လိုအပ်လျက်ရှိကြောင်းသိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံမှ   ဆန်ထုတ်လုပ်သူများအား ဝန်ဆောင်မှုပေးရန်အတွက် ဆန်သိုလှောင်ရုံကြီးတစ်ခုတည် ဆောက်ရန် တရုတ်နိုင်ငံပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့်  ဲငူငည ဏမသလငညခန ှုညလနျအာနညအ ွမသကစ ဃသ.ယူအိ. နှင့် ဲငူငည ွှငညေဖ့သညါ ဗါမငခကူအကမန ီနလနူသစာနညအ ဃသ.ယူအိ.ယ တို့သည် ကမ္ဘောဒီးယား နိုင်ငံရှိပြည်တွင်းစီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည့်  ှသာေ ွမသကစ နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံဆန်အသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ံကည ူေု က တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ အနေဖြင့် ဆန် သိုလှောင်ရုံများတည်ဆောက်ရန်အတွက် နေရာနှင့်ဆောက် လုပ်မည့်သိုလှောင်ရုံအရွယ်အစားတို့အား လေ့လာဆန်းစစ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ြအေအောဘညေါ နှင့်  ွှေုနသ ပြည်နယ်တို့တွင် ဦးစားပေးဆောက်လုပ်သွားမည်ဖြစ် ပြီး၊ အခြားဒေသများတွင်လည်း သိုလှောင်ရုံများထပ်မံဆောက် လုပ်သွားရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုက မိမိတို့နိုင်ငံ ၏ ဆန်စပါးကဏ္ဍတွင် လိုအပ်ချက်တစ်ခုဖြစ်သည့် ဆန်သို လှောင်မှု ပြဿနာအား  အလေးထားဖြည့်ဆည်းကူညီဆောင် ရွက်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိ ဆန်ဂို ထောင်ကြီးများနှင့် စပါးကျီများရှိသော်လည်း အဆိုပါကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိသေးကြောင်း ၎င်းင်း က ပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယခင်နှစ်က ပြည်ပသို့ဆန် တန်ချိန် ၅၃၀၀၀၀ တန်တင်ပို့ခဲ့ပြီး ဤတင်ပို့မှုအတွက် ကြိတ် ခွဲမှုမှာ ခြောက်လခန့်ကြာမြင့်ကြောင်း သိရှိရသည်။
လက်ရှိတွင် တောင်သူများအား လိုအပ်သည့်ငွေထုတ် ချေးပေးခြင်းနှင့် စပါးများသိုလှောင်ခြင်း အစရှိသည့် နိုင်ငံ၏ ဆန်စပါးဆိုင်ရာ  အခြေခံအဆောက်အဦလိုအပ်ချက်ကို ဆောင်ရွက်ပေးလျက်ရှိသောJilin Province Investment Group Co.,Ltd) ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jilin Tianzhong Agriculture Development Co.,Ltd.,က ရင်းနှီးမြှုပ်နှံမှု အသစ်များကြောင့် ပြည်တွင်းဆန်စက်လုပ်ငန်းရှင်များ အနေ ဖြင့် တစ်နှစ်ပတ်လုံးလုပ်ငန်းလည်ပတ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ြအေအောဘညေါ ပြည်နယ်တွင်ရှိသည့်အဆိုပါ Soma Group   ပိုင်ဆန်ဂိုထောင်တွင် ဆန်တန်ချိန် ၄၀၀၀၀ခန့် သို လှောင်နိုင်ပြီး  လာမည့်နှစ်တွင် ဆန်တန်ချိန် ၂၀၀၀၀၀ သို လှောင်နိုင်သည့် ဂိုဒေါင်တစ်လုံးကို ဆောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။                                           

   စန္ဒာထွန်း(TTI)   

 

International Trade News

Pages