စီးပွားရေးမြှင့်နိုင်ရန်ရည်ရွယ်၍၂၀၁၆ ခုနှစ်အတွက် အနိမ့်ဆုံးလုပ်အားခကို တောင်ကိုရီးယားနိုင်ငံ မြှင့်တင်သတ်မှတ်မည်

Mon, 01/25/2016 - 06:27 -- admin_ygn

တောင်ကိုရီးယားနိုင်ငံအစိုးရ အနေဖြင့် ယိုင်နဲ့နေသော စီးပွားရေး အခြေအနေကို ပြန်လည်တည့်မတ်ရန် အတွက် ၂၀၀၈ ခုနှစ်မှ စတင်ကာ အနိမ့် ဆုံးလုပ်အားခကို အမြင့်ဆုံးနှုန်းထား များသို့ တိုးမြှင့်ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံ ၏ ၂၀၁၆ ခုနှစ်အတွက် အနိမ့်ဆုံး လုပ် အားခကို တစ် နာရီလျှင် ဝမ် ၆,၀၃၀ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ရာ ၂၀၁၅ ခုနှစ် ကအနိမ့်ဆုံး လုပ် အားခသည် တစ်နာရီ လျှင် ၅ç၅၈၀ ဝမ် ရှိခဲ့ရာမှ ၈ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ် သည်။ အသစ်သတ်မှတ်လိုက်သော အနိမ့်ဆုံးလုပ်အားခသည် အကြမ်း အားဖြင့်  တစ်ရက်လျှင် အလုပ်ချိန် ရှစ် နာရီလုပ်ပါ က ဝမ် ၄၈,၂၄၀ ရရှိမည် ဖြစ်ပြီး၊ တစ်လလျှင် ၂၀၉ နာရီ အလုပ် လုပ်ပါက ဝမ် ၁ ဒသမ ၂ သန်း ရရှိနိုင် မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ အလုပ် သမားပေါင်းခုနစ်သန်းခန့်က လုပ်ခ လစာတိုးမြှင့်ရေးအတွက် တောင်းဆိုနေ ချိန်တွင် အစိုးရအနေဖြင့် လုပ်ခလစာ များ တိုးမြှင့်လိုက်ခြင်းသည် အလုပ် သမားပေါင်း ၃ ဒသမ ၄၂ သန်းခန့် အပေါ်အကျိုးသက်ရောက်မှုရှိမည်ဖြစ် သည်။လက်ရှိတွင် အလုပ်သမားနှင့် စီမံ အုပ်ချုပ်သူများအကြား စေ့စပ်ညှိနှိုင်း လျက်ရှိသော်လည်း သဘောတူညီမှု မရရှိသေးပေ။ စီမံအုပ်ချုပ်သူများ က လုပ်အားခ တိုးမြှင့်ရန်ရပ်ဆိုင်းထား သော်လည်း ၂၀၁၆ ခုနှစ်တွင် အနိမ့်ဆုံး လုပ်အားခ တစ်နာရီလျှင် ဝမ် ၁၀,၀၀၀ နှုန်းရရှိရန် အလုပ်သမားများက တောင်းဆိုခဲ့သည်။ အလုပ် သမား များ ဘက်မှလည်း တစ်နာရီလျှင် ရရှိသော လုပ်အားခ ဝမ် ၆ç၀၃၀ မှာ နိုင်ငံအတွင်း လုပ်အားခကွာဟမှုကို နည်းပါးစေရန် နှင့် ဝင်ငွေနိမ့်ကျသော အလုပ်သမား များ၏ ဘဝတည်ငြိမ်မှုရရှိ ရန် အတွက် လောက်ငှမှုမရှိသေးကြောင်း စောဒက တက်မှုများရှိခဲ့သည်။အနိမ့်ဆုံးလုပ်ခ လစာကို တိုးမြှင့် ပေးခြင်း ဖြင့် ပြည်တွင်းဈေးကွက် ပြန် လည် ဦးမော့လာစေနိုင်ကြောင်း၊ သို့သော် လည်း တိုးမြှင့်သည့်နှုန်းထားမှာ နှေး ကွေးနေသေးကြောင်း ကိုရီးယား ကုန်သည်ကြီးများအသင်းချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အနိမ့်ဆုံး လုပ်အားခ ၈ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်လိုက်ခြင်းမှာ ကုမ္ပဏီ အသေးလေးများအတွက် အလွန်တရာ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေ ကြောင်း စီမံအုပ်ချုပ်သူများမှ ပြောကြား ခဲ့သည်။ အနိမ့်ဆုံး လုပ်အားခ တိုးမြှင့် ခြင်းသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အလုပ်သမား အသစ်ခေါ်ယူမှုများ လျော့နည်းလာနိုင် သဖြင့် အဆိုပါလုပ်ငန်းများအနေဖြင့် ယင်းသို့တိုးမြှင့်ပေးနိုင် စွမ်းရှိ/မရှိကို နှိုင်းယှဉ်သုံးသပ်ရန်လိုကြောင်း အသေး စားနှင့်အလတ်စားကုမ္ပဏီများဆိုင်ရာ အသင်းချုပ်မှ ပြောကြားခဲ့သည်။  အလုပ်အကိုင်နှင့်အလုပ်သမား ဝန်ကြီး ဌာနက နောက်နှစ် အတွက် အနိမ့်ဆုံး လုပ်အားခကို အလုပ်သမားနှင့် စီမံ အုပ်ချုပ်သူများက ကန့်ကွက်နိုင် သည့် ကာလကို ရက် ၂၀ သတ်မှတ်ပြီးနောက် နှစ်စဉ် သြဂုတ်လ ၅ ရက်နေ့ တွင် ကြေညာ သွား မည်ဖြစ်ကြောင်း သိရ သည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး
    မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages