ကြံစိုက်တောင်သူများအတွက် အိန္ဒိယအစိုးရကထောက်ပံ့ကြေးများ စီစဉ်ပေးနေသော်လည်း ပြည်တွင်းသကြားလုပ်ငန်း အလားအလာမှာ ဆက်လက်အားနည်းနေဆဲဖြစ်

Fri, 05/25/2018 - 09:44 -- admin_ygn

အိန္ဒိယအစိုးရက လတ်တလော စတင်ဖော်ဆောင်နေသည့် ကြံ ထောက်ပံ့ကြေးသည် သကြားစက်များ၏ လုပ်ငန်း လည်ပတ် မှုအတွက် အမြတ်အစွန်းအနည်းငယ်  တိုးတက်လာနိုင်သည့်တိုင်  ပြည်တွင်းသကြား လုပ်ငန်းကဏ္ဍတစ်ခု လုံး၏  အလားအလာမှာ ဆက်လက်အားနည်း နေဆဲဖြစ်သည်ဟု Icra  ၏ အစီရင်ခံစာတစ်စောင်၌ သုံးသပ် ဖော်ပြထား ပါသည်။

အစိုးရ၏ ကြံထောက်ပံ့ကြေးကြောင့် သကြားစက်လုပ်ငန်းရှင်များအနေဖြင့် တောင်သူများသို့ ကြံဖိုးပေးရန်ငွေအတွက် ကုန်ကျစရိတ်လျော့ နည်းလာပြီး သကြားတစ်တန်လျှင် ရူပီး ၅၀၀ ဝန်းကျင်ခန့် အမြတ်အစွန်း  ပိုရလာနိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် လုပ် ငန်းလည်ပတ်အမြတ်ငွေ တိုးလာသော်ငြားလည်း သကြားကဏ္ဍတစ်ခုလုံး အနေဖြင့် အမြတ်အစွန်းရရှိမှု အလားအလာမှာ ဆက်လက်အားနည်းနေကြောင်း၊ အကောင်းဘက်မှကြည့်ပါကပို့ကုန် တင်ပို့မှု မြှင့်တင်ရန်အတွက် ရည်ရွယ်၍ ကြံထုတ်လုပ်မှုကိုလိုက်၍ ထောက်ပံ့ကြေးပေးနေခြင်းဖြစ်ရာ သကြား ပိုလျှံမှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းသကြား လုပ်ငန်းများအတွက် အနေအထားတစ်ခုအထိကောင်း မွန်တိုးတက်လာ နိုင်ဖွယ်ရှိသည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။

ပြည်တွင်း၌ သကြားထုတ်လုပ်မှုပမာဏမှာ စံချိန်တင်ထွက်ရှိမည်ဟု ခန့်မှန်းထားသည့်အတွက် အိန္ဒိယအစိုးရသည် ကြံစိုက် တောင်သူများအား  ကြံတစ်တန်လျှင် ၅၅ ရူပီးခန့် ထောက်ပံ့ပေးနေရာ ထောက်ပံ့ကြေးငွေ ပမာဏ စုစုပေါင်းရူပီး ၁၅၄၀ ကုဋေဝန်းကျင်ခန့် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။

အိန္ဒိယ၌ အစိုးရက တင်ပို့ခွင့်ပြုထားသည့် သကြားတန်ချိန်နှစ်သန်း တင်ပို့ပြီးသည့်တိုင်အောင် ပြည်တွင်းတွင် သကြားတန်ချိန် ၂ ဒသမ ၅၃ သန်းဝန်းကျင်ခန့် ပိုနေသေးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍   Minimum Indicative Export Quota (MIEQ)  အား  အောင်မြင်စွာအကောင်အထည် ဖော်ခြင်းအားဖြင့် သကြားဈေးနှုန်းများ ပိုမိုကောင်းမွန်လာနိုင်ပြီး လက်ရှိ အနေအထားထက် သိသိသာသာ တိုးတက်ကောင်းမွန်လာစေနိုင်သည့် မည်သည့် မူဝါဒတစ်ခုခုကို မဆိုချမှတ် ဖော်ဆောင်သင့်သည်ဟု ှုခမေ ၏ ဒုတိယဥက္ကဋ္ဌက သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages