ကျေးလက်စီးပွားရေးမြှင့် တင်ဖို့ အင်ဒိုနီးရှားအစိုးရက ဆဋ္ဌမ မူဝါဒအစီအစဉ်ကို ကြေညာ

Fri, 11/13/2015 - 11:22 -- admin_ygn

အင်ဒိုနီးရှားနိုင်ငံက အထူးစီး ပွားရေးဇုန်များ    ဖွံ့ဖြိုးရေးအစီအစဉ် များ ဆောင်ရွက်ခြင်းဖြင့်   ကျေးလက် ဒေသစီးပွားရေး   ပြန်လည်ဖွံ့ဖြိုးလာဖို့ ကို ရည်ရွယ်ပြီး   ဆဋ္ဌမမြောက် စီးပွား ရေးမူဝါဒအစီအစဉ်ကို အင်ဒိုနီးရှား အစိုးရက   နိုဝင်ဘာလ ၅   ရက်နေ့က ကြေညာခဲ့ကြောင်း အန်တာရာသတင်း မှာ ဖော်ပြပါတယ်။''ဒီအစီအစဉ်ကို အခြေခံပြီးေ တာ့ အစိုးရက အထူးစီးပွားရေးဇုန်(Special Economic Zone - SEZ) ရှစ်ခုကို သတ် မှတ်ထားပြီး ဒီဇုန်တွေကနေ ပြည်တွင်း အရင်းအမြစ်တွေ ဖွံ့ဖြိုးအောင် ဆောင် ရွက်သွားမှာဖြစ်ပါ တယ်''လို့ နိုဝင် ဘာ လ ၅  ရက်နေ့ က သမ္မတရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီးပွားရေးဝန် ကြီး ဒါမင်နာဆုရှင်းက ပြောခဲ့ပါတယ်။အစိုးရရဲ့ ထုတ်ပြန်ချက်အရ သတ်မှတ် ထားတဲ့ နယ်မြေရှစ် ခုမှာ ဘန် တင်းရှိတန်ဂျန်းလီဆန်း၊ မြောက်ပိုင်းစု မားတြားရှိ ဆေးမန်ကေး၊ ဗဟိုစူလာ ဝေစီ ဒေသရှိပါလူးစတဲ့ နယ်မြေတွေ ပါဝင်ပြီး စုစုပေါင်းနယ်မြေဒေသ ရှစ်ခု ရှိပါတယ်။''လောေ လာ ဆယ်မှာ ယခုနှစ် အတွင်း သမ္မတက အတည်ပြုကြေညာ ပေးထားတဲ့ အထူးစီးပွားရေးဇုန် နှစ်ခု သာရှိပါသေးတယ်။ ကျန်ဒေသတွေမှာ ကတည်ဆောက်ဆဲအခြေအနေသာ ရှိ ပါသေး တယ်''လို့ ဒါမင်းက ပြောပါတယ်။မူဝါဒကို ထုတ်ပြန်ပေးခြင်းဖြင့် သေချာရေရာမှု  ရှိစေပါတယ်။ အထောက်အပံ့ပစ္စည်းများနဲ့ပတ်သက် ပြီး အစိုးရက စည်းမျဉ်းဥပဒေများ ချမှတ် ဆောင် ရွက်လျက်ရှိသလို အထူးစီးပွား ရေးဇုန်တွေမှာ   စီးပွားရေးလုပ်ငန်း ဆောင်ရွက်ဖို့   လွယ်ကူမှုတွေရှိလာတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲ ဆောင်နိုင်လိမ့်မယ်လို့ ဒါမင်းက ပြော ပါတယ်။အစိုးရက စည်းမျဉ်းဥပဒေတွေ ထုတ်ပြန်ပေးခြင်းအားဖြင့် အထူးစီးပွား ရေးဇုန်တွေကို ဆွဲဆောင်မှုအမျိုးမျိုး ဖြစ်ပေါ်စေရုံသာမက အထူးစီးပွားရေး ဇုန်တွေမှာ ပြည်တွင်း အရင်း အမြစ်တွေ ကို အခြေခံတဲ့ လုပ်ငန်းနယ်ပယ်တွေကို အားပေးရာ ရောက်စေမှာဖြစ်ကြောင်း ဒါမင်းက ပြောပါတယ်။

ဉာဏ်တင်

International Trade News

Pages