ဧရာပုသိမ်ဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီက ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကန်ထရိုက်လယ်ယာစနစ် စိုက်ပျိုးနိုင်ရေးဆွေးနွေး

Tue, 10/31/2017 - 04:53 -- admin_ygn

         ဧရာပုသိမ်ဖွံ့ဖြိုးမှု အများနှင့် သက်ဆိုင်သော ကုမ္ပဏီကို ပုသိမ်မြို့ ပေါ်ရှိ ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်၊ တောင်သူများဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှစတင်၍ မျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကန်ထရိုက်လယ် ယာစနစ်ဖြင့် စိုက်ပျိုးခြင်း၊ အကျိုးတူပူးပေါင်း စိုက်ပျိုးခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ မိုးစပါး၊ နွေစပါးစိုက်ပျိုး ချိန်တွင်လည်း တောင်သူများကို မျိုးစပါး စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာ၊ သွင်းအားစုစက်သုံးဆီနှင့် လယ်ယာသုံး စက် ကိရိယာများကိုလည်း  အရစ်ကျစနစ် ဖြင့် နှစ်စဉ်ရောင်းချပံ့ပိုးပေးလျက်ရှိ သည်။
          ယခုအခါ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဈေးကွက်ဝင် အရည်အသွေးကောင်း မျိုးသန့်စပါး များ စိုက်ပျိုးထုတ်လုပ်လျက် ဒေသခံ တောင်သူများ ဝင်ငွေတိုးပွားလာစေရန် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ တွင်လည်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် ကုမ္ပဏီနှင့်တောင်သူများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဧရာပုသိမ်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာဦးဝင်းမြင့်လှိုင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များသည် စားသုံးသူ ရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပါဝင်လျက် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ ယင်းသို့ပြုလုပ်ရာတွင် သြဂုတ် ၂၂ ရက်တွင်သာေ ပါင်းမြို့နယ်၊ အောင်တပ်ကျေးရွာ၌ လည်းကောင်း၊ သြဂုတ်လ ၂၉ ရက်က ရေကြည်မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင်လည်းကောင်း၊  စက်တင်ဘာ  ၄ ရက် က ကျုံပျော်မြို့နယ်ဧရာမင်း ခန်းမတွင် လည်းကောင်း၊   စက်တင်ဘာ  ၁၅ ရက်က ငပုတောမြို့နယ် အားကစားခန်းမတွင်လည်းကောင်း၊ စက်တင်ဘာ လ ၂၀ ရက်က ကန်ကြီးထောင့်မြို့နယ် ထွေ/အုပ်ရုံး ဧရာသီရိသုခခန်းမတွင် လည်းကောင်း၊ အောက်တိုဘာ ၃ ရက်က ပုသိမ်မြို့ နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနတွင် လည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်တွင် ကျောင်း ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင်လည်းကောင်း တွေ့ ဆုံ၍ ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ် များတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ကန်ထရိုက်လယ်ယာစနစ် စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ဧရာပုသိမ်ဖွံဖြိုးမှု အများနှင့် သက်ဆိုင် သော ကုမ္ပဏီမှ သိရသည်။

 

မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages