အမေရိကန်နိုင်ငံသို့ ပုစွန် သို့မဟုတ် ပုစွန်မှထုတ်လုပ်သော စားသုံးကုန်ပစ္စည်းများ တင်သွင်း/တင်ပို့ရာ၌ DS-2031 ပုံစံ ဖြည့်စွက်ခြင်းနှင့်ပတ်သက်၍ သိထားရမည့်အချက်များ

Tue, 08/22/2017 - 09:00 -- admin_ygn

        အမေရိကန်နိုင်ငံအနေဖြင့် ပင်လယ်လိပ်များအား ထိခိုက်စေသည့်နည်းလမ်းများဖြင့် ဖမ်းယူထားသော ပုစွန်ရိုင်းများအား တင်သွင်းခြင်းကို တားမြစ်ထားပြီး ပုစွန်ဖမ်းဆီးသည့် နည်းလမ်းနှင့် နိုင်ငံရပ်ခြားသို့ သွားရောက် စစ်ဆေးသည့်အဖွဲ့၏ စစ်ဆေးမှုရလဒ်များအပေါ်အခြေခံ၍ ပုစွန်တင်သွင်းခွင့် လက်မှတ်ကို ထုတ်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးပုစွန်များကိုအမေရိကန်နိုင်ငံသို့ တင်သွင်းခွင့်ပြုထားပြီး လောလောဆယ်တွင် မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံသို့ ပုစွန်ရိုင်းတင်ပို့ခွင့်လက်မှတ်မရရှိသေးကြောင်း သိရှိရပါသည်။
        မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၃/၂၀၁၆) တွင် Border Trade၊ Normal Trade စနစ်ဖြင့် ပြည်ပ နိုင်ငံများသို့တင်ပို့နေသောေ ရထွက်ပစ္စည်းများအားအရည်အသွေး စစ်ဆေးရာတွင် Physical Micro စစ်ဆေးပြီး ငါးလုပ်ငန်းဦးစီးဌာနမှ လူတို့စားသုံးရန်သင့်လျော်ကြောင်း (Fit For Human Consum-ption) နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစား အစာဖြစ်ကြောင်း အတည်ပြုထောက်ခံချက် (Health Certificate) ရယူပြီးမှသာ တင်ပို့ရမည်ဟု ထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံမှ မွေးမြူရေးပုစွန်များအား တင်ပို့လျက်ရှိရာ အမေရိကန်နိုင်ငံသို့ပုစွန် သို့မဟုတ် ပုစွန်မှထုတ် လုပ်သော စားသုံးကုန်ပစ္စည်းများ တင်သွင်း/တင်ပို့ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊Fish Inspection and Quality Control (FIQC) မှ အသုံးပြုရန်အတွက် (Shrimp Exporter’s/Importer’s Declaration Form-DS-2031)ကို အမေရိကန်နိုင်ငံမှ ထုတ်ပေးထားခြင်းဖြစ်ကြောင်း၊ အဆိုပါ DS-2031 ပုံစံတွင် Box ကိုးခုပါဝင်ပြီး အထူးသဖြင့် Marking Box 7 (A) (1) ကို အသုံးပြု၍မွေးမြူရေးပုစွန်ဖြစ်သည်ကို ဖော်ြ ပရမည်ဖြစ်ကြောင်း၊ ှီ-၂၀၃၁ ပုံစံများ အားလုံးကို မြန်မာ နိုင်ငံ၏ တာဝန်ရှိအစိုးရအရာရှိ (Res-ponsible Government Official) က Box 8 တွင်  လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
 DS-2031ပုံစံတွင် Box တစ်ခုချင်းစီ၌  ဖြည့်စွက်ရမည့်အချက် များမှာ-
    (က)    Box -1တွင် ပုစွန်တင်ပို့သည့် နိုင်ငံအမည်၊
    (ခ)    Box -2 တွင် ပုစွန်မွေးမြူသည့် နေရာ၊
    (ဂ)    Box -3 တွင် တင်ပို့သည့်ကုမ္ပဏီ အမည်နှင့်နေရပ်လိပ်စာ၊
    (ဃ)    Box -4 တွင် အမေရိကန်နိုင်ငံမှ  တင်သွင်းသူ၏အမည်နှင့် နေရပ်လိပ်စာ၊
    (င)    Box -5 တွင် တင်ပို့သည့်ရက်စွဲနှင့် ကွန်တိန်နာနံပါတ်၊
    (စ)    Box-6 တွင် တင်ပို့မည့် ပုစွန်နှင့်ပတ်သက်၍ဖော်ပြချက် HS Code နံပါတ်နှင့် အလေးချိန်၊
    (ဆ)    Box-7 တင်ပို့သူ၏ကြေညာလွှာတွင် A(1) ) ၌ ကြက်ခြေခတ် မှတ်အသား  ပြထားခြင်းဖြင့် မွေးမြူရေးပုစွန်ဖြစ်ကြောင်း ဖော်ပြချက်၊
    (ဇ)   Box-8 တွင် မြန်မာနိုင်ငံ၏ တာဝန် ရှိအစိုးရအဖွဲ့အစည်း၏ ထောက်ခံချက် လက်မှတ်၊
    (ဈ)    Box-9 တွင် တင်သွင်းသည့်အချက်အလက်များနှင့်ပတ်သက် ၍ အမေရိကန်နိုင်ငံဘက်မှအချက်အလက်များ၊
         အဆိုပါ ပုံစံ  ှီ-၂၀၃၁ သည် အမေရိကန်နိုင်ငံသို့သင်္ဘော ဖြင့်ပုစွန်တင်ပို့မှုအားလုံး(All Shipments) တွင် အတူပါရမည် ဖြစ်ပြီး လက်မှတ်ရေးထိုးထားသည့် ပုံစံ DS-2031 အား တင်ပြရန် ပုစွန်တင်ပို့သူ/တင်သွင်းသူတွင် တာဝန်ရှိသည့်အတွက် အဆိုပါ လက်မှတ်ရေးထိုး ပြီးသော ပုံစံ မတင်ပြနိုင်ပါက ပုစွန်တင်ပို့မှုကို ငြင်းပယ်ခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ပုစွန်မွေးမြူထုတ်လုပ်၍အမေရိကန်နိုင်ငံသို့ တင်ပို့လိုသူများအနေဖြင့် DS-2031 ပုံစံပါအချက်များကို ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြရန်လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

လင်းမျိုးသာ(DOT)

Local Trade News

Pages