အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၉)သင်တန်းဆင်းပွဲကျင်းပ

Tue, 06/06/2017 - 05:36 -- admin_ygn

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းပွဲ အခမ်းအ နားကို ဇွန် ၃ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ JICA မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းတွင် လာရောက်ပို့ချခဲ့ သော ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
        အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် Global Supply Chain Trade ဖြစ်လာသည့် အတွက် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန် အခွင့်အရေး များ အထူးရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် SME လုပ်ငန်းများရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းအားများကို မြှင့်တင်နိုင်ရန်အတွက် ပိုမိုလေ့လာပြီး ပိုမိုပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် ပို့ကုန်ကိုလည်း ပိုမိုတင်ပို့နိုင်အောင် ကြိုး စားရမည့် အချိန်အခါပင်ဖြစ် ကြောင်း၊ ထို့ကြောင့်လိုအပ်သည့်ပံ့ပိုးမှုများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့်ဆိုင်သည့် အခြားဝန်ကြီးဌာန များနှင့်လည်း ဆက်စပ်ပူးပေါင်းေ ဆာင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ၊ လက်တွေ့ပိုင်း ဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို မိမိတို့၏လုပ်ငန်းနယ် ပယ်တွင် ပြန်လည်အသုံးချကာ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ၍ နိုင်ငံတော် ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြု ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၉)သို့ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၉၃ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ လေးလ ကြာမြင့်ခဲ့ကြောင်း သတင်းရရှိ သည်။

 

မယ်သီတာ

Local Trade News

Pages