သီလဝါရှယ်ယာဈေး အနိမ့်ဆုံးသတ်မှတ်နှုန်းထားအထိရောက်ရှိရှယ်ယာအရောင်းအဝယ်ပမာဏများ နည်းပါးလာ

Wed, 08/10/2016 - 07:57 -- admin_ygn

      ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်း လာခဲ့ပြီး  စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့သည့်  အနိမ့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ်ပြန်ချက်များအရ သိရသည်။ အလားတူ FMI ရှယ်ယာဈေးနှုန်း များသည်လည်း သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအောက်သို့ လဆန်း ပိုင်းက ရောက်ရှိခဲ့ပြီး ဈေးကွက်ပိတ်ချိန် တွင်မူ မူလသတ်မှတ်ထားသည့်ဈေးနှုန်း သို့ ပြန်လည်ရောက်ရှိခဲ့သည်။
      ရှယ်ယာအရောင်းအဝယ် ပြုလုပ် သူများသည်  ဈေးကွက်အနေအထား အရ ယှဉ်ပြိုင်မှုနည်းပါးနေသည့်အခြေ အနေတွင်ရှိနေသဖြင့်   ဝယ်ရောင်းပြု လုပ်နေသည့်အနေအထားတွင်သာရှိ နေကြောင်း၊ ယှဉ်ပြိုင်မှုများလာမှသာ လျှင်စတော့ရှယ်ယာပြိုင်ဆိုင်မှုများလာ နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦး က ထောက်ပြခဲ့သည်။
      မြန်မာနိုင်ငံသားများဘဏ်သည် ဇူလိုင်လကုန်ပိုင်းတွင် စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ရည်မှန်းထားသော်လည်း စာရင်းရှင်းလင်းမှုများ မပြီးပြတ်သေးသဖြင့် Listed မလုပ်နိုင် သေးသဖြင့် ရှယ်ယာဈေးကွက်သို့ ဝင် ရော က်ခြင်းမရှိသေးပေ။ အလားတူ MAPCO သည်လည်း ရှယ်ယာဈေး ကွက်သို့ ဝင်ရောက်ရန်  စီစဉ်လျက်ရှိ ကြောင်း သိရသည်။ "တကယ်တော့ ရှယ်ယာဈေးကွက် မှာListed ဖြစ်တဲ့ကုမ္ပဏီအရေအတွက် များလာမှ ဝယ်ရောင်း လုပ်တဲ့ သူတွေလည်း ရှယ်ယာရဲ့သဘောကို နားလည် လာမှာပါ။ အခုဟာကတော့ဝယ်ရောင်း သဘောမျိုးဖြစ်နေတယ်"ဟု ကုန်သည် တစ်ဦးက ပြောကြားသည်။

 

မယ်သီတာ

Local Trade News

Pages