သကြားဈေးကွက် တရုတ်အဝယ်လိုက်

Tue, 06/07/2016 - 09:13 -- admin_ygn

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းကန်ဒေါ်လာ ၁၆ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ သကြားဖြူ ၂၉၈၇၃ တန်ကျော်နဲ့  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၂ သန်းတန်ဖိုးရှိသကြားဖြူ တန်၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။မေ ၁ ရက်မှ ၂၀ ရက်အတွင်းမှာတော့ မူဆယ်ကုန်သွယ်ရေးဇုန်မှ သကြားဖြူ ၁၃၂၆၄၄ တန် ကျော် တင်ပို့ခဲ့ပြီး လွယ်ဂျယ်စခန်းမှ ယခုသီတင်း ပတ်မှစတင် တင်ပို့နိုင်တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ရှိချိန်ဆိုရင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင်သကြားပိဿာဝင် အိတ်ရေ ၄၀၀၀ ကျော်ခန့် တင်ပို့နိုင်ပြီး ပြည်တွင်းအတွက်စားသုံးရန် လုံလောက် တာကြောင့် ယခုလို ပြည် ပသို့ တင်ပို့နိုင်ကြောင်းနဲ့ တရုတ်နိုင်ငံသို့သကြားကို အကြမ်းရောအနုပါ ပို့ရတော့ အဆင်ပြေတယ်လို့ မြန်မာနိုင်ငံသကြားဒိုင်မှ သိရပါ တယ်။

 

မြင့်မြင့်မာ

Local Trade News

Pages