ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့်ပြု

Wed, 01/31/2018 - 03:59 -- admin_ygn

       ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား စည်းမျဉ်းစည်းကမ်း သတ်မှတ်၍ တရားဝင် တင်ပို့/တင်သွင်းခွင့်ပြုခြင်းအားဖြင့် တရားမဝင် ရောင်းဝယ်မှုပပျောက်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်ဘဏ္ဍာငွေရရှိစေရန်၊ ငွေကြေးဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေရန်နှင့် ကမ္ဘာ့ရွှေဈေးကွက်တွင် မြန်မာ့ ရွှေထည်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈  ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။
         ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော  အနုပညာပစ္စည်းများ၊  အသုံးအဆောင်ပစ္စည်းများကို  ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်လမ်းကြောင်းများမှ တင်ပို့/တင်သွင်းခွင့်ပြုထားပြီး အသေးစိတ်သိရှိလိုပါက www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသတင်းရရှိပါသည်။

 

သန်းစိုး

Local Trade News

Pages