မြန်မာနိုင်ငံသားနှင့် ပေါင်းစည်းဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား အဆင့်မြင့်ကုန်ချောပစ္စည်းအုပ်စု ၂၂ မျိုးကို ပြည်ပသို့ တင်ပို့ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာ

Wed, 01/31/2018 - 04:02 -- admin_ygn

          စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်ကဏ္ဍ တိုးတက်ရေးအား အစဉ်ရှေ့ရှု၍ ဖြေ လျော့မှုများအား အဆင့်ဆင့်လုပ် ဆောင်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိ န့်ကြော်ငြာစာအမှတ် (၈/၂၀၁၈) ဖြင့် မြန်မာနိုင်ငံသားနှင့် ပေါင်းစည်း ဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများအား ပြည်တွင်းတွင် ရင်း နှီးမြှုပ်နှံ၍ ထုတ်လုပ်ရရှိသည့် အဆင့် မြင့် ကုန်ချောပစ္စည်းအုပ်စု  ၂၂ မျိုးကို ပြည်ပသို့  တင်ပို့ခွင့်ပြုကြောင်း  ဇန်န ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
       အဆိုပါ  အမိန့်ကြော်ငြာစာအရ အသား၊ ငါး၊ ကောက်ပဲသီးနှံများမှစ၍ သစ်အခြေခံ ပရိဘောဂများ အပါအဝင် အုပ်စု ၂၂ မျိုးကို ပြည်ပသို့တင်ပို့ခွင့်ရ မည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်အနေအထား၊  ပြည်တွင်း စီးပွား ရေးလုပ်ငန်းများ၏ အခြေအနေစသည် တို့အပေါ်မူတည်၍ လိုအပ်သလို ပြောင်းလဲ ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအမိန့်ကြော်ငြာစာ အပြည့်အစုံကို www.commerce.gov.mm တွင် ဝင်ရောက် ကြည့် ရှုနိုင်ကြောင်း သတင်းရရှိသည်။

 

ကြည်သာသစ်နိုင်

Local Trade News

Pages