မိုးများဆက်တိုက်ရွာသွန်းသဖြင့် ပြည်နှမ်းဈေးကွက်တွင် ရံဖန်ရံခါသာအရောင်းအဝယ်ဖြစ်

Fri, 06/23/2017 - 02:56 -- admin_ygn

           ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ နှမ်းနီဈေးမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ နှမ်းနက်ဈေးပြန်တက်၍ စမုံနက်နှမ်းဈေးမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးကျသွားတာ တွေ့ရပါတယ်။ ပြည်မြို့အနီး တစ်ဝိုက် တွင် ယခုတစ်ပတ်၌ မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် ပြည်မြို့ရှိပွဲရုံများ၌ အရောင်းအဝယ်မဖြစ်သလောက်ရှိနေပါတယ်။ ဆီစက်သမားများကလည်း လှောင်နှမ်းများကိုသာထုတ်ပြီး ဆီကြိတ်နေသဖြင့် ရံဖန်ရံခါသာ အရောင်းအ ဝယ် ဖြစ်လျက် ရှိပါတယ်။ ယခုတစ်ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၃၀၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ် နေတာတွေ့ရပြီး နှမ်းနက်တစ်တင်းလျှင် ကျပ် ၃၈၃၀၀ ဖြင့်ယခင်တစ်ပတ်ထက် ဈေးမြင့်လာကာ စမုံ နက်နှမ်းတစ်တင်း လျှင် ကျပ် ၃၈၃၀၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။ အတက်အကျများ ရှိနေသော်လည်း ဈေးသာရှိပြီး အရောင်းအဝယ်မဖြစ်ဘဲ လက်ငုတ်ဈေးဖြင့်သာ ရောင်းဝယ်နေကြတယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။ 

 

ဝေေ၀မင်း

Local Trade News

Pages