ပြည်တွင်း၌ Myanmar International Tourism Expo ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်မည်

Mon, 10/16/2017 - 09:33 -- admin_ygn

         Myanmar International Tourism Expo(MITE) ပြပွဲကို မြန်မာ နိုင်ငံ၌ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပြပွဲကို စီစဉ်သည့် ICVex ကုမ္ပဏီထံမှ သတင်း ရရှိသည်။ နိုင်ငံတကာ ခရီး သွား လုပ်ငန်း များအတွက် မြန်မာနိုင်ငံတွင်းရှိ ခရီး သွားကုမ္ပဏီများနှင့် ချိတ်ဆက်နိုင်ရုံ သာမက ပြည်တွင်းခရီးသွားကုမ္ပဏီများ အတွက် ခရီးစဉ်သစ်များအပြင် အထူး ပရိုမိုးရှင်း ဈေးနှုန်းများရရှိနိုင်စေရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
      " မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာ တွေထဲက တစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံ သားတွေကလည်း ပြည်ပခရီးတွေကို သွားရောက်မှု ပိုမိုများပြားလာပါတယ်။ ဒါကြောင့် အခုပြပွဲကို စီစဉ်ရခြင်းဖြ စ်ပါတယ်။ ဒီပြပွဲမှာ ပါဝင်တဲ့ကုမ္ပဏီတွေက ခရီးသွားချင်တဲ့သူတွေအတွက် စိတ်ဝင်စားဖွယ်အစီအစဉ်တွေ ပြုလုပ်ပေးထားသလို မြန်မာခရီးသွားကုမ္ပဏီတွေ အတွက်လည်း သူတို့ရဲ့လုပ်ငန်းတွေ ပိုမို တိုးချဲ့နိုင်ဖို့ နိုင်ငံတကာ အ ဆက် အသွယ်ကောင်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်" ဟု ICVex ၏ Project Manager ဖြစ်သူ Mr.Ajinveat Vhongthong က ပြောသည်။ Myanmar International Tourism Expo ကို မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင် များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (UMTA) နှင့် Tourism Authority of Thailand တို့က အဓိက ကူညီပံ့ပိုးပေး ထားပြီး ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၁၀၀ ကျော်နှင့် အတူ ခရီးစဉ်သစ်များ၊ ပရိုးမိုးရှင်းအစီအစဉ်များကို မိတ်ဆက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
         "MITEမှာ ပါဝင်ပြသလိုတဲ့ ခရီး သွားကုမ္ပဏီတွေအနေနဲ့ နိုဝင်ဘာ ၁၅ ရက်မတိုင်ခင် ကြိုတင်စာရင်းပေးသွင်း မယ်ဆိုရင် ပြခန်းခရဲ့၁၀ ရာခိုင်နှုန်းကို လျှော့ဈေးရရှိမှာဖြစ်သလို ICVeX ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.icvex.com မှာ စာရင်းပေးသွင်းနိုင်ပါ တယ်"ဟု Mr. Ajinveat Vhongthong က ဆက်လက်ပြောကြားသည်။ ၂၀၁၄ ခုနှစ်မှစတင်ကာ Myanmar Retail Source Expo၊ Myanmar HoReCa၊ Myanmar Medi Health၊ Myanmar International Food & Beverage နှင့် Myanmar Build & Decor စသည့် ပြပွဲများကို  ICVeX ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် စီစဉ် ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages